မင်းသားချောလေး ဇေရဲထက်ကတော့ ပျိုပျိုမေလေးတွေရဲ့ သည်းသည်းလှုပ်ဝန်းရံအားပေးခြင်းကိုခံထားတဲ့ ပရိသတ်အချစ်တော်တစ်ဦး ဖြစ်ပါတယ် ။ အနုပညာလောကမှာ မသိသူမရှိလောက်အောင်ကို အောင်မြင်ကျော်ကြားခဲ့တဲ့ ဇေရဲထက်က အခုချိန်မှာတော့ အနုပညာအလုပ်တွေကို ခဏရပ်နားထားတာ ဖြစ်ပါတယ် ။ ဇေရဲထက်က ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေသာမက ကြော်ငြာတွေလည်း အများအပြားရိုက်ကူးခဲ့ရတာ ဖြစ်ပါတယ် ။

Photo Credit-Zay Ye Htet's FB Acc
Photo Credit-Zay Ye Htet's FB Acc
Photo Credit-Zay Ye Htet's FB Acc

ပရိသတ်တွေကတော့ ဇေရဲထက်ကို ယနေ့အချိန်အထိတိုင်အောင် စွဲစွဲမြဲမြဲ ချစ်ခင်အားပေးနေကြဆဲ ဖြစ်ပါတယ် ။ လက်ရှိအချိန်မှာ ဇေရဲထက်က အိမ်မှာနေရင်း သူဝါသနာပါတဲ့အလုပ်တွေကို လုပ်ကိုင်ပြီး အေးအေးချမ်းချမ်း နေထိုင်နေတာပဲ ဖြစ်ပါတယ် ။ ပရိသတ်တွေအတွက် သူ့ရဲ့လှုပ်ရှားမှုလေးတွေကို အမြဲမျှဝေပေးတတ်တဲ့ ဇေရဲထက်က အခုလည်း အမိုက်စား Tik Tok Video လေးကို တင်ထားတာ ဖြစ်ပါတယ် ။

Photo Credit-Zay Ye Htet's FB Acc
Photo Credit-Zay Ye Htet's FB Acc
Photo Credit-Zay Ye Htet's FB Acc

ဒီဗီဒီယိုလေးမှာ ဇေရဲထက်က ပျိုမဒီလေးတွေကြွေသွားလောက်အောင် စတိုင်လ်အပြည့်နဲ့ အပီအပြင်ပို့စ်ပေးထားတာလည်း ဖြစ်ပါတယ် ။ သီချင်းသံအတိုင်း အနောက်ကနေလိုက်ဆိုရင်း အထာကျကျ Tik Tok ကစားထားတဲ့ ဇေရဲထက်ကတော့ အရမ်းကိုချောမောခန့်ညားနေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချောလေး ဇေရဲထက်ရဲ့ Tik Tok ဗီဒီယိုလေးကို အောက်မှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Zay Ye Htet's FB Acc

Photo Credit-Zay Ye Htet's FB Acc
Photo Credit-Zay Ye Htet's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။