ပရိသတ်ကြီးရေ မင်းသမီးချောလေး ဆုအိမ့်စံ ကတော့ အနုပညာလောကမှာနေရာတစ်ခုကိုအခိုင်အမာရပ်တည်ထားနိုင်ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်ခြင်းတွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။ သွယ်လျကျစ်လျစ်တဲ့ အမိုက်စားခန္ဓာကိုယ်အလှတွေကို ပိုင်ဆိုင်ထားသလိုကြည်လင်ဝင်းပတဲ့ အသားရည်လေးတွေကြောင့် ချစ်စရာကောင်းနေတဲ့ သူလေးပဲဖြစ်ပါတယ်။ လတ်တလော မှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းနဲ့မှန်မှန်သာ လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။

Photo credit- Hsu Eaint San's Facebook Page
Photo credit- Hsu Eaint San's Facebook Page

စိတ်သဘောထားပြည့်ဝပြီး ချစ်စရာကောင်းနေတဲ့ ဆုအိမ့်စံ လေးကတော့ အမြဲတမ်းကလေးလေးတစ်ယောက်လို လွတ်လွတ်လပ်လပ်နေတတ်တဲ့ သူလေးပါနော်....။ အမြင်အေးစေတဲ့ မြန်မာဆန်ဆန်ဖက်ရှင်ဝတ်စုံလေးတွေ အပြင် ခေတ်ပေါ် ဖက်ရှင်ကျတဲ့ဝတ်စုံလေးနဲ့ လိုက်ဖက်ညီအောင် ဝတ်ဆင်တတ်တာကိုလည်း တွေ့ရပါတယ်နော်...။ ယခုမှာလည်း မင်းသမီးချောလေး ဆုအိမ့်စံကတော့ လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်ဝတ်စုံလေးနဲ့ ဓာတ်ဖမ်းထားတဲ့ချစ်စရာပုံရိပ်လေးတွေကိုတင်ပေးလာခဲ့ပါတယ်။ 

Photo credit- Hsu Eaint San's Facebook Page
Photo credit- Hsu Eaint San's Facebook Page

စားပွဲခုံလေးကို မှီကာ ဆွေးနေတဲ့ ပိုစ့်လေးတွေနဲ့ အသည်းယားစရာကောင်းလောက်အောင် ပိုစ့်ပေးဓါတ်ဖမ်းနေတဲ့ ဆုအိမ့်စံရဲ့ ပုံ​လေးတွေအပြင် " မချစ်ဖူးပြောရင် စိတ်ဆိုးမယ် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော် ။ ကဲ....ချစ်ရတဲ့ ပရိသတ်တွေကလည်း ဆုအိမ့်စံရဲ့ ပုံလေးတွေကိုကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်... ။

Photo credit- Hsu Eaint San's Facebook Page

Photo credit- Hsu Eaint San's Facebook Page 

Source - Hsu Eaint San's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။