ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားပြေဇင်ကိုတော့ ပရိသတ်တွေ အားလုံးက ရင်းနှီးပြီးသားဖြစ်ကြမယ် ထင်ပါတယ်နော်။ ပြေဇင်က ကျရာဇာတ်ရုပ်မျိုးစုံကို သဘာဝကျပီပြင်လာအောင် သူ့ရဲ့အနုပညာအရည်အချင်းတွေ ဖန်တီးပုံဖော်လေ့ရှိတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်သူဖြစ်တဲ့ ပြေဇင်က အနုပညာအလုပ်တွေကို အခုချိန်အထိ ပုံမှန်လုပ်ကိုင်နေဆဲလည်း ဖြစ်ပါတယ် ။

Photo Credit-Pyay Zin's FB Acc
Photo Credit-Pyay Zin's FB Acc
Photo Credit-Pyay Zin's FB Acc

ယောက်ျားပီသပြီး တည်ကြည်ခန့်ညားတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ ပြေဇင်က ဆံပင်အရှည်လေးနဲ့တောင် စတိုင်လ်ကျနေတာ ဖြစ်ပါတယ် ။ ပြေဇင်က အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အရမ်းချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ရရှိခဲ့တာ ဖြစ်ပါတယ် ။ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်သည်ဘဝလေးကို တည်ဆောက်ထားတဲ့ ပြေဇင့်အနေနဲ့ အခုလို Stay Home ကာလမှာတော့ မိသားစုနဲ့အတူ အိမ်မှာပဲနေထိုင်နေတာ ဖြစ်ပါတယ် ။

Photo Credit-Pyay Zin's FB Acc
Photo Credit-Pyay Zin's FB Acc
Photo Credit-Pyay Zin's FB Acc

အခုလည်း ပြေဇင်က "ကျွန်တော်ရယ်တာ ကို R ကြီးနဲ့တူလား " ဆိုပြီး အိမ်မှာနေရင်း ဓာတ်ဖမ်းထားတဲ့ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ ပြေဇင်တို့မိသားစုလေးကတော့ ပရိသတ်တွေပါ အားကျရလောက်အောင်ကို ချစ်ခင်ပျော်ရွှင်နေကြတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချောပြေဇင်နဲ့ သူချစ်ရတဲ့မိသားစုလေးရဲ့ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Pyay Zin's FB Acc

Photo Credit-Pyay Zin's FB Acc
Photo Credit-Pyay Zin's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။