ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ ဇာတ်ကားပေါင်းများစွာ ရိုက်ကူးပုံဖော်ထားတဲ့ အကယ်ဒမီဒါရိုက်တာတစ်ဦးကတော့ ဇင်ရော်မောင်မောင်ပဲ ဖြစ်ပါတယ်နော်..။

ဇင်ရော်မောင်မောင်ဟာ သားလိမ္မာလေးဖြစ်တဲ့ မင်းသန့်မောင်မောင်ကိုလည်း အနုပညာအမွေတွေပေးကာ ဒါရိုက်တာကောင်းတစ်ယောက်ဖြစ်အောင် လမ်းပြညွှန်သင်ပေးနေတဲ့ ဖခင်ကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်နော်..။

Photo Credit- Zin Yaw Mg Mg's Fb Page
Photo Credit- Zin Yaw Mg Mg's Fb Page

အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေသလို အလှူအတန်းတွေကိုလည်း ဆက်တိုက်ပြုလုပ်နေပြီး အခုတစ်ခါမှာလည်း Quarantine Center ကို အလှူငွေတွေ လှူဒါန်းခဲ့ပြန်ပါတယ်နော်..။

စင်ရော်မောင်မောင်နဲ့ မင်းသန့်မောင်မောင်တို့ သားအဖဟာ ခင်မင်ရင်းနှီးတဲ့မိတ်ဆွေတွေနဲ့အတူ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ Quarantine Center အတွက် တစ်ရက်စာ ကျပ်ငွေ (၆)သိန်းကို လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်..။

Photo Credit- Zin Yaw Mg Mg's Fb Page
Photo Credit- Zin Yaw Mg Mg's Fb Page

"သင်္ဃန်းကျွန်းမြို့နယ်တွင်ဖွင့်လှစ်သော Quarantine Center သို့ တစ်ရက်စာ ကျပ်ငွေ (၆)သိန်းအား ဦးသီဟလွင် ဒေါ်မြရတနာလွင်(တာမိုးညဲ မိသားစု)နှင့် စင်ရော်မောင်မောင် သား မင်းသန့်မောင်မောင်တို့မှ ဒေါက်တာကျော်စွာဦးထံသို့ လှူဒါန်းပါသည်.." ဆိုပြီး အလှူလေးကို ဝေမျှထားတာ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေကလည်း သူတို့သားအဖတွေရဲ့ မွန်မြတ်တဲ့အလှူလေးတွေကိုလည်း သာဓုခေါ်ဆုတောင်းစကားလေးတွေ ပြောထားကြပါတယ်နော်..။

Photo Credit- Zin Yaw Mg Mg's Fb Page
Photo Credit- Zin Yaw Mg Mg's Fb Page

Source & Photo Credit- Zin Yaw Mg Mg's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။