Myanmar Idolပြိုင်ပွဲကနေ ပရိသတ်တွေရဲ့ရင်ထဲကို ဝင်ရောက်လာခဲ့တဲ့ တေးသံရှင် ချမ်းမြေ့မောင်ချိုဟာဆိုရင် အရမ်းကောင်းတဲ့အသံလေးကိုပိုင်ဆိုင်ထားပါတယ်နော်။ချမ်းမြေ့မောင်ချိုရဲ့အသံလေးက ချိုသာလို့ ပရိသတ်တွေရဲ့နားထဲကို သာယာငြိမ့်ညောင်းစွာ စီးဆင်းစေပါတယ်နော်။ချမ်း‌မြေ့မောင်ချိုကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေက "မောင်ချို"လို့ ချစ်စနိုးခေါ်ဝေါ်ပြီး သူမရဲ့လှုပ်ရှားမှုတိုင်းကို ဝန်းရံအားပေးကြတာဖြစ်ပါတယ်။

Photo Credit:ChanMyae MgCho's Facebook Account
Photo Credit:ChanMyae MgCho's Facebook Account
Photo Credit:ChanMyae MgCho's Facebook Account

လက်ရှိမှာဆိုရင်လည်း မောင်ချိုက အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပါတယ်နော်။မကြာသေးခင်လပိုင်းအတွင်းကလည်း အဆိုတော်အာဘွိုင်းနဲ့အတူသီဆိုထားတဲ့ "အငွေ့အသက်များ"ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ထွက်ထားတာဖြစ်ပါတယ်။မောင်ချိုကတော့ အသက်လေးငယ်ပေမယ့် အောင်မြင်မှုတွေကို ထွေးပိုက်ထားပြီး အနုပညာလမ်းကြောင့်ပေါ်လျှောက်လှမ်းနေတာပဲဖြစ်ပါတယ်။

Photo Credit:ChanMyae MgCho's Facebook Account
Photo Credit:ChanMyae MgCho's Facebook Account

မောင်ချိုက မိဘအပေါ်သိတတ်လိမ္မာတဲ့သမီးလေးဖြစ်လို့ မိဘစကားကိုလည်း နားထောင်ပါတယ်နော်။မေမေ့ကိုလည်း အရမ်းချစ်တာကြောင့် အခုဆိုရင်တော့ မောင်ချိုက မိခင်ချက်ကျွေးတဲ့ ထမင်းဟင်းတွေကို အားရပါးရစားသောက်ပြီး"မားသားသာအရင်ကတည်းက ထမင်းဆိုင်ဖွင့်ရင် အခုချိန် ဆိုင်ခွဲတွေ ၁၉၆ ခုလောက် ရှိနေလောက်ပြီ လောလောဆယ်စားလိုက်ဦးမယ်"လို့ ရေးသားကာ မေမေ့ရဲ့လက်ရာကို ချီးကျူးလိုက်တာဖြစ်ပါတယ်နော်။

Photo Credit:ChanMyae MgCho's Facebook Account
Photo Credit:ChanMyae MgCho's Facebook Account
Photo Credit:ChanMyae MgCho's Facebook Account

Source&Photo Credit:ChanMyae MgCho's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။