မင်းသမီးချောလေးဖူးပွင့်သခင်ကတော့ တစ်ချိန်ကအောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းကို အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်လျက်ရှိနေတာပဲဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့တဲ့ သူမကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ယခုမှာလည်းအနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေပါတယ်။ 

Photo credit: phoo pwint thakhin ' s facebook acc
Photo credit: phoo pwint thakhin ' s facebook acc

ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေခဲ့တဲ့ သူမကတော့ ကြွေလောက်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက် တင်ပေးလေ့ရှိပါတယ်။ သူမကတော့ အမိုက်စားပုံစံလေးနဲ့ ဆော့ကစားထားတဲ့ Tiktokဗီဒီယိုဖိုင်လေးတွေကိုလည်း ပရိသတ်တွေရှေ့ ချပြလေ့ရှိပါတယ်။သူမကတော့ ယခုမှာ သူငယ်ချင်းရွှေအိမ်စည်နဲ့အတူ အမိုက်စားဖက်ရှင်လေးတွေဝတ်ဆင်ပြီး အပြတ်လန်းခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကိုချပြလာခဲ့ပါတယ်။

Photo credit: phoo pwint thakhin ' s facebook acc
Photo credit: phoo pwint thakhin ' s facebook acc
Photo credit: phoo pwint thakhin ' s facebook acc

ဖူးပွင့်သခင်ကတော့ " သူမ နဲ့ ကျမ ပျော်စရာအချိန်လေးတွေ "ဆိုပြီး အမိုက်စားပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ဖူးပွင့်သခင်နဲ့ ရွှေအိမ်စည်တို့နှစ်ယောက်ရဲ့ ဆွဲဆောင်မှုရှိတဲ့ အမိုက်စားပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဖူးပွင့်သခင်တို့သူငယ်ချင်းနှစ်ယောက်ရဲ့ အမိုက်စားပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : phoo pwint thakhin ' s facebook acc

Photo credit: phoo pwint thakhin ' s facebook acc
Photo credit: phoo pwint thakhin ' s facebook acc
Photo credit: phoo pwint thakhin ' s facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။