ပရိသတ်ကြီးရေ.. စူစူလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချောလေး အိချောပိုကတော့ သရုပ်ဆောင်ကောင်းတဲ့အပြင် ချစ်စရာကောင်းလွန်းသူလေးပဲ ဖြစ်ပါတယ်နော်..။

ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ဇာတ်ကားတွေများစွာ ရိုက်ကူးထားတဲ့ စူစူကတော့ ညို့အားပြင်းပြီး အချိုးအစားကျတဲ့ ခန္ဓာကိုယ်အလှတရားတွေကို ပိုင်ဆိုင်ထားတာမို့လည်း ပရိသတ်တွေကြား အမြဲရေပန်းစားသူလေးလည် ဖြစ်ပါတယ်နော်..။

Photo Credit - Ei Chaw Po's Fb Account

ပရိသတ်အချစ်တော်လေး စူစူကတော့ သူမရဲ့လှုပ်ရှားမှုလေးတွေကို အမြဲဝေမျှလေ့ရှိသလို အလှူအတန်းတွေကိုလည်း ဆက်တိုက်ပြုလုပ်နေပြီး အခုတစ်ခါမှာလည်း လှူဒါန်းမှုလေးတွေ ပြုလုပ်ခဲ့ပြန်ပါတယ်နော်..။

နာရေးကူညီမှုအသင်း(ရန်ကန်)မှာ အသင်းသားတွေ သောက်သုံးဖို့အတွက် ရေသန့်ကဒ်တွေ လှူဒါန်းကာ မွန်မွန်မြတ်မြတ်လေး ကုသိုလ်ယူခဲ့တာ ဖြစ်ပါတယ်နော်..။

Photo Credit - Ei Chaw Po's Fb Account
Photo Credit - Ei Chaw Po's Fb Account

"ရုပ်ရှင်သရုပ်ဆောင် အိချောပို မှ နာရေးကူညီမှုအသင်း(ရန်ကုန်) ရှိ (၇)ရက်သားသမီးများ သောက်သုံးရန်အတွက် ရေသန့်ဗူးလတ် (၁၂)ဗူးပါ ကဒ်(၁၀၀)အား လာရောက်လှူဒါန်းပေးခဲ့ပါသည်။

လှူဒါန်းမှုအစုစုတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကျေးဇူးတင်ရှိကာ သာဓု သာဓု သာဓု ခေါ်ဆိုလိုက်ရပါသည်.." ဆိုပြီး နာရေးကူညီမှု အသင်းမှာ ရေးသားမျှဝေထားတာ ဖြစ်ပါတယ်နော်..။

စူစူလေးရဲ့ မွန်မြတ်ရဲ့ ကုသိုလ်လေးကိုလည်း ပရိသတ်တွေ အားလုံးက သဘောကျနေကြပြီး သာဓုခေါ်ဆုတောင်းစကားလေးတွေလည်း ပြောထားကြပါတယ်နော်..။

Photo Credit - နာရေးကူညီမှုသးအသင်း-ရန်ကုန် fb Page
Photo Credit - နာရေးကူညီမှုသးအသင်း-ရန်ကုန် fb Page

Source & Photo Credit - နာရေးကူညီမှုသးအသင်း-ရန်ကုန် fb Page & Ei Chaw Po's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။