ပရိသတ်ကြီးရေ.. ရယ်စရာဟာသလေးတွေနဲ့ ပရိသတ်တွေကို အချစ်ပိုအောင် လုပ်နိုင်ကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ သရုပ်ဆောင် ဦးဧရာကလည်း အပါအဝင်ပဲ ဖြစ်ပါတယ်နော်..။

ပီပြင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် အောင်မြင်စွာနဲ့ ဇာတ်ကားတွေ များစွာ ရိုက်ကူးထားတဲ့ ဦးဧရာဟာ လတ်တလောမှာတော့ ကျန်းမာရေးအခြေအနေတွေကြောင့် အနုပညာအလုပ်တွေ နည်းပါးနေပေမယ့် ပရိသတ်တွေကတော့ အားပေးချစ်ခင်နေဆဲပါပဲ..။

Photo Credit - လူရွှင်တော် ဧရာ's Fb Account
Photo Credit - လူရွှင်တော် ဧရာ's Fb Account

ဦးဧရာဟာ လတ်တလော စီးပွားရေးအခြေအနေတွေကြောင့် ကြုံတွေ့နေရတဲ့ အခက်အခဲလေးတွေကို ပြောပြပြီး ချစ်ရတဲ့ ပရိသတ်တွေကိုလည်း အားတင်းထားကြဖို့ အားပေးစကားလေး ပြောလာပါတယ်နော်..။

“Covid ကာလမှာ အကုန်လုံးကတော့ ခံရမှာဘဲ အတင်းငိုပြနေရင်လည်း ဧရာတို့က အတင်းငိုပြနေတယ်ဖြစ်ဦးမယ် ဖြစ်လာတဲ့အချိန်မှာ အားတင်းထားကြပါ.." ဆိုပြီး စီးပွားရေးအခက်အခဲတွေကို ပြောပြထားတာပါ..။

Photo Credit - လူရွှင်တော် ဧရာ's Fb Account
Photo Credit - လူရွှင်တော် ဧရာ's Fb Account

“ဟာသအနေနဲ့ ပြောရရင် လူဖြစ်လာကတည်းကနေမှားနေတာ ဘာလို့ဆို အဖေနဲ့အမေမှားလို့ လူဖြစ်တာလေ ခုဖြစ်နေတာတွေက ဘာမှဟုတ်ပါဘူး သရဖူဆောင်းရမယ့် အချိန်တွေလည်းရောက်လာဦးမှာပါ.....” ဆိုပြီး ဟာသလေးတွေနဲ့ အားတင်းထားကြဖို့လည်း ပြောထားပါသေးတယ်နော်..။

ကဲ.. ပရိသတ်ကြီးရေ.. ဒီကနေ့လေးမှာတော့ ချစ်ရတဲ့ ပရိသတ်တွေအတွက် အားပေးစကားလေးဆိုထားတဲ့ ဦးဧရာရဲ့ ဗီဒီယိုဖိုင်လေးတွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - လူရွှင်တော် ဧရာ's Fb Account
Photo Credit - လူရွှင်တော် ဧရာ's Fb Account

Photo Credit - လူရွှင်တော် ဧရာ's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။