ပရိသတ်ကြီးရေ.. ဆူဇီလို့ ဆိုလိုက်တာနဲ့ သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်တွေရင်ထဲ အခိုင်အမာနေရာယူထားတဲ့ အဆိုတော်မလေးကို ပရိသတ်တွေ အားလုံးပဲ မြင်ယောင်မိကြမှာပါနော်..။

အဆိုပိုင်းမှာ အောင်မြင်မှုတွေရရှိထားသလို ချစ်စရာလည်း ကောင်းတဲ့ ဟန်ပန်လေးတွေကြောင့် ပရိသတ်တွေကို အချစ်ပိုစေတဲ့ ဆူဇီကတော့ သီချင်းလေးတွေ ပြန်လုပ်တော့မယ့် အကြောင်းလေးတွေကို ပြောပြလာပါတယ်နော်..။


Photo Credit - ဆူဇီ Fb Page
Photo Credit - ဆူဇီ Fb Page

ပရိသတ်တွေအတွက် သီချင်းလေးတွေ သေသေချာချာလေး ချပြတော့မယ် အလုပ်တွေပြန်လုပ်ပြီး ကြိုးစားတော့မယ်ဆိုတဲ့ အချိန်ကျမှ Covid ကြောင့် အခက်အခဲတွေ ကြုံလာတဲ့အကြောင်း ပြောပြလာထားတာ ဖြစ်ပါတယ်..။

“စိတ်လည်း ညစ်တယ် တစ်ခါတစ်လေ စိတ်ဓာတ်လည်း ကျတာပေါ့နော်.. အကုန်လုံးပါပဲ ဒီရောဂါဖြစ်နေတဲ့အချိန်ကာလမှာ အကုန်လုံးက ရူးကြောင်ကြောင်တွေဖြစ်နေရတာဆိုတော့ အဲ့ထဲမှာ ကိုယ်လည်း တစ်ယောက်အပါအဝင်ပါပဲ..” ဆိုပြီး ရယ်ရယ်မောမောလေး ပြောပြထားတာပါ..။


Photo Credit - ဆူဇီ Fb Page
Photo Credit - ဆူဇီ Fb Page

Covid ကြောင့် လတ်တလောမှာတော့ သီချင်းတွေ သိပ်မလုပ်ရပေမယ့် ဘာသာတရားလုပ်ရင်းနဲ့ ဒီကာလကြီးကို ခံနိုင်ရည်ရှိရှိနဲ့ ကျော်လွှားနိုင်ဖို့ လုပ်ရမယ့် အကြောင်းလေးတွေကိုလည်း ဆူဇီက ချစ်ပရိသတ်တွေကို ပြောပြထားပါသေးတယ်နော်..။

ကဲ.. ဒီကနေ့လေးမှာတော့ ချစ်ရတဲ့ ပရိသတ်တွေအတွက် ဆူဇီလေးပြောပြထားတဲ့ သူမရဲ့ အင်တာဗျူးဗီဒီယိုဖိုင်လေးကိုလည်း အားလုံးအတွက် တင်ဆက်ပေးလိုက်တာမို့ သဘောကျနေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။

Photo Credit - ဆူဇီ Fb Page
Photo Credit - ဆူဇီ Fb Page

Photo Credit - ဆူဇီ Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။