ပရိသတ်များရဲ့ချစ်ခင်အားပေးခြင်းများစွာကို ရရှိထားတဲ့ ခင်ဝင့်ဝါတစ်ယောက်ကတော့ ကလေးဆန်တဲ့ အမူအရာလေးတွေကြောင့်လည်း ပရိသတ်တွေကအချစ်ပိုခဲ့ကြတာပါ။ သူမရဲ့အပြုံးချိုချိုလေးတွေဟာလည်း ပုရိသတွေကိုအဓိကကြွေစေရတဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။ ဖော်ရွေပျူဌာတတ်တဲ့ သူမရဲ့ဖြူစင်တဲ့ စိတ်ထားလေးတွေကြောင့်လည်း ပရိသတ်များသာမက အနုပညာရှင်များကပါ ချစ်ခင်ကြတာဖြစ်ပါတယ်.....။

Photo credit - Khin Wint Wah's FB page
Photo credit - Khin Wint Wah's FB page

ပိန်သွယ်လှပတဲ့ ခန္ဓာကိုယ်လေးနဲ့အတူ မြင်သူချစ်မိစေတဲ့ သူမရဲ့အလှက ယောက်ျားလေးပရိသတ်တွေရဲ့ အားပေးမှုတွေသာမက မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်မှုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သူမဟာ အပြုံးချိူချိူလေးတွေရယ် ချစ်စရာဟန်ပန်လေးတွေရယ်နဲ့ အမြဲတမ်း သရုပ်ဆောင်တတ်တာကြောင့် ပရိသတ်တွေက အသည်းစွဲနေတာ အသေအချာပါပဲ​နော်။ လတ်တလောမှာလည်း ရိုရှင်းလှပတဲ့ ဖက်ရှင်လေးဝတ်ကာ ချစ်စရာအရမ်းကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ရိုက်ထားတဲ့ ပုံလေးကိုဖော်ပြထားတာတွေ့ရပါတယ်.....။

Photo credit - Khin Wint Wah's FB page

မင်းသမီးချောလေး ခင်ဝင့်ဝါက ခန့်ညားလှပတဲ့ မြန်မာဝတ်စုံဖက်ရှင်လေးနဲ့ ကျက်သရေရှိရှိလှနေတဲ့ ပုံလေးတွေကို တင်ပေးလာတာပဲ ဖြစ်ပါတယ်။ ခင်ဝင့်ဝါရဲ့ ပုံလေးတွေတိုင်းက ကြည့်မိသူပရိသတ်တိုင်းကို အကြိုက်တွေ့မိစေမှာ အသေအချာပဲဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော် ။ ကဲ...ချစ်ရတဲ့ ပရိသတ်ကြီးကလည်း ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်..... ။ 

Photo credit - Khin Wint Wah's FB page
Photo credit - Khin Wint Wah's FB page

Photo credit - Khin Wint Wah's FB page 

Source  - Khin Wint Wah's FB page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။