ပရိသတ်တွေရဲ့ အချစ်တွေကို ဆယ်စုနှစ်ကျော်တိုင်အောင် သိမ်းပိုက် ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ပဲ ဖြစ်ပါတယ်။ သူမဟာ ကာရိုက်တာမျိုးစုံကို ဟာကွက်မရှိအောင်ကို သရုပ်ဆောင်နိုင်တဲ့ စွယ်စုံရမင်းသမီးလေးတစ်လက်လည်း ဖြစ်ပါတယ်။ အူဝဲဟာ ဘယ်ချိန်ကြည့်ကြည့် နုပျိုလှပနေတာကြောင့်လည်း ပရိသတ်တွေက ချစ်မဝ ဖြစ်နေကြတာလည်း ဖြစ်ပါတယ်။

Photo Crd- Eaindra Kyaw Zin’s Facebook Page
Photo Crd- Eaindra Kyaw Zin’s Facebook Page
Photo Crd- Eaindra Kyaw Zin’s Facebook Page

သူမဟာ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ သိပ်မရှိသေးဘဲ အိမ်မှာဘဲ ချစ်ရတဲ့ မိသားစုနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ ဖြတ်သန်းနေတာလည်း ဖြစ်ပါတယ်။ မကြာခဏဆိုသလိုလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် Live လွှင့်ကာ ပရိသတ်တွေနဲ့အတူ ရင်းရင်းနှီးနှီး စကားပြောလေ့ ရှိတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း အူဝဲရဲ့ Facebook Page မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Eaindra Kyaw Zin’s Facebook Page
Photo Crd- Eaindra Kyaw Zin’s Facebook Page
Photo Crd- Eaindra Kyaw Zin’s Facebook Page

ဒါကတော့ ရိုက်ကွင်းမှာအသုံးပြုခဲ့တဲ့ သူမရဲ့ အသုံးအဆောင် ပစ္စည်းတွေကို ပရိသတ်အားလက်ဆောင်ပေးရန်စီစဉ်မယ့်အကြောင်းပြောနေတဲ့ အူဝဲရဲ့Video လေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရုပ်ရှင်လောကသားများနဲ့ သူမရဲ့ Stylish တွေကိုလည်း လက်ဆောင်ပေးသွားမယ့် အကြောင်းကိုလည်း ပြောထားပါသေးတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Eaindra Kyaw Zin’s Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။