Photo credit - Fnatic Dota facebook page

Fnatic dota 2 team ကတော့ သူတို့ရဲ့ နောက်ဆုံး roster update ကိုကြေညာခဲ့ပါတယ်။

Fnatic ကြေညာခဲ့တာကတော့ offlaner iceiceice နဲ့ po 5 player ဖြစ်သူ eyyou တို့ဟာ အသင်းနဲ့ တရားဝင်လမ်းခွဲထွက်ခွာ သွားပြီဆိုတာပဲ ဖြစ်ပါတယ်။

iceiceice ဟာ Fnatic မှာ 2018 ခုနှစ် 9 လပိုင်းထဲက ကစားလာခဲ့တာဖြစ်ပြီး သူ့ရဲ့အသင်းဖော် Jabz ထုတ်ပယ်ခံရအပြီးမှာ အသင်းကနေ အခုလို ထွက်ခွာသွားခဲ့တာပဲ ဖြစ်ပါတယ်။

eyyou ကတော့ Jabz ရဲ့နေရာမှာ အစားဝင်ဖို့အတွက် ပြီးခဲ့တဲ့ 9 ရက်နေ့ကမှ Fnatic ကိုရောက်ရှိလာခဲ့တာဖြစ်ပြီး 7 ရက်လောက်အကြာမှာပဲ ပြန်လည်ထွက်ခွာ သွားခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် Fnatic အနေနဲ့ လက်ရှိဝင်ရောက် ယှဥ်ပြိုင်နေတဲ့ BTS Pro Series Season 3: SEA ကိုဆက်လက်ယှဥ်ပြိုင်ဖို့အတွက် Forev နဲ့ Xepher တို့ကို stand-in player အနေနဲ့ ခေါ်ယူခဲ့ပါတယ်။

ဒါ့ကြောင့် BTS Pro Series ဆက်လက်ယှဥ်ပြိုင်မယ့် Fnatic ရဲ့ roster ကတော့

Po 1- Raven

Po 2- Moon

Po 3- Forev (stand-in)

Po 4- Dj

Po 5- Xepher (stand-in)

တို့ပဲ ဖြစ်ပါတယ်။

Source - Fnatic Dota facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။