ပရိသတ်ကြီးရေ.. မရိုးနိုင်တဲ့ ရယ်စရာဟာသပြက်လုံးတွေနဲ့ ပရိသတ်တွေရဲ့ စိတ်ထဲက ဘဝအမောတွေကို ပြေပျောက်စေတဲ့ ဟာသလူရွှင်တော်ကြီး ဦးပလာတာကိုတော့ အားလုံးပဲ သိကြမှာပါနော်..။

်ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးထားသလို ဇာတ်စင်မြင့်တွေထက်မှာလည်း ပြက်လုံးတွေနဲ့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေခဲ့တဲ့ ဦးပလာတာကတော့ ဒီကနေ့မှာပဲ ကွယ်လွန်သွားခဲ့ပါပြီနော်..။


Photo Credit - နာရေးကူညီမှုအသင်း(ရန်ကုန်) Fb Page
Photo Credit - နာရေးကူညီမှုအသင်း(ရန်ကုန်) Fb Page
Photo Credit - နာရေးကူညီမှုအသင်း(ရန်ကုန်) Fb Page

ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင်ဟာသ လူရွှင်တော်ကြီး ဦးနေဝင်း(ခ) ဦးပလာတာ အသက် (၉၀)နှစ်ဟာ ဒီကနေ့ နံနက်(၂း၀၀)နာရီက ၉၆ ပါးရောဂါနဲ့ ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ (၂၆)လမ်းရှိ နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်..။

ဒီကနေ့မနက်ပိုင်းမှာပဲ ကွယ်လွန်သွားတဲ့ ဦးပလာတာရဲ့ ကျန်ရစ်သော ရုပ်ခန္ဓာကို နေအိမ်မှ ရေဝေးသုသာန်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသားများက ပို့ဆောင်ပေးခဲ့ပြီး ဈာပနအခမ်းအနားကိုတော့ နေ့လည် (၃း၀၀)နာရီက ရေဝေးသုသာန်မှာ တိုက်ရိုက်မီးသဂြိုလ်ကာ ကျင်းပပြုလုပ်ခဲ့ပါတယ်..။

Photo Credit - နာရေးကူညီမှုအသင်း(ရန်ကုန်) Fb Page
Photo Credit - နာရေးကူညီမှုအသင်း(ရန်ကုန်) Fb Page
Photo Credit - နာရေးကူညီမှုအသင်း(ရန်ကုန်) Fb Page

ဟာသလူရွှင်တော်ကြီး ဦးပလာတာရဲ့ နောက်ဆုံးဈာပနခရီးလေးကိုတောင် Covid ရောဂါအခြေအနေတွေကြောင့် လိုက်ပါမပို့ဆောင်ပေးနိုင်ကြလို့ ပရိသတ်တွေနဲ့ အနုပညာရှင်တွေကလည်း စိတ်မကောင်းနေကြပါတယ်နော်..။

ဒီကနေ့လေးမှာ ကွယ်လွန်သွားတဲ့ ဦးပလာတာရဲ့ နောက်ဆုံးခရီးလေးဖြစ်တဲ့ ဈာပနအခမ်းအနားပုံရိပ်လေးတွေကိုလည်း တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - နာရေးကူညီမှုအသင်း(ရန်ကုန်) Fb Page
Photo Credit - နာရေးကူညီမှုအသင်း(ရန်ကုန်) Fb Page

Source & Photo Credit - နာရေးကူညီမှုအသင်း(ရန်ကုန်) Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။