ချစ်ရတဲ့ ပရိသတ်ကြီးရေ ဖခင်ဖြစ်သူ အဆိုတော်ကြီး ဂရေဟမ်ရဲ့ အနုပညာအမွေကို ထိုက်တန်စွာဆက်ခံထားပြီး ပရိသတ်အားပေးချစ်ခင်မှုကို တစ်ခဲနက်ရရှိထားတဲ့ သူလေးကတော့ အဆိုတော်မလေး ပန်းရောင်ခြယ်ပဲ ဖြစ်ပါတယ်။ ပန်းရောင်က သူမရဲ့ သာယာချိုမြတဲ့ အသံလေးနဲ့ ဆွဲဆောင်မှုရှိရှိ သီဆိုတတ်သူဖြစ်ပြီး သီချင်းတိုင်းကိုလည်း ပရိသတ်တွေက အကြိုက်တွေ့နေကြတာပဲ ဖြစ်ပါတယ်။

Photo credit - Pan Yaung Chel's Facebook Account

ပန်းရောင်ရဲ့ ဟန်ပန်လေးတွေက ကလေးဆန်ပြီး ချစ်စရာကောင်းလွန်းတာကြောင့် လူကြီး လူငယ်မရွေး အားပေးချစ်ခင်နေတာကိုလည်း တွေ့ရပါတယ်။ အမြဲလိုလို သူမရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေနဲ့ ရိုးရှင်းလှပတဲ့ ဖက်ရှင်လေးကိုဝတ်ဆင်ကာ အသည်းယားစရာကောင်းတဲ့ ပုံလေးတွေကို ချပြလေ့ရှိတဲ့ ပန်းရောင်ရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်တွေက စောင့်ကြည့်အားပေးနေကြတာ အသေအချာပါပဲ။ 

Photo credit - Pan Yaung Chel's Facebook Account
Photo credit - Pan Yaung Chel's Facebook Account

ယနေ့မှာတော့ ပန်းရောင်က တမူထူးခြားတဲ့ ခရမ်းရောင်ဂါဝန်ရှည်လေးနဲ့ အရမ်းချစ်စရာကောင်းနေပြီး အိမ်နေရင်းပုံစံလေးကို ချပြလာတာပဲ ဖြစ်ပါတယ်။ ကာတွန်းကားထဲက မင်းသမီးလေးနဲ့အရမ်းကို တူပြီး မျက်နှာလေးက အသည်းယားစရာကောင်းနေတဲ့ ပန်းရောင်ရဲ့ ပုံလေးတွေက ချစ်ပရိသတ်တွေ အချစ်ပိုမိစေမှာဖြစ်လို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်......။

Photo credit - Pan Yaung Chel's Facebook Account
Photo credit - Pan Yaung Chel's Facebook Account

Source & Photo credit - Pan Yaung Chel's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။