ပရိသတ်ကြီးရေ မင်းသမီးချောလေးမေကဗျာကတော့ တစ်ခတ်တခါကတည်းကအနုပညာလောကမှာ အောင်မြင်မှုတွေရရှိထားတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားတွေအပြင် ရုပ်ရှင်ကားတွေကို များစွာ ရိုက်ကူးထားတဲ့ သူပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ မေကဗျာ က အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုလည်း ဦးစားပေးလုပ်ကိုင်နေတာကို တွေ့ရပါတယ်။

Photo Credit - May Kabyar fb page
Photo Credit - May Kabyar fb page

မေကဗျာဟာ ယနေ့အချိန်ထိ ရှိရင်းစွဲအသက်ထက် အရွယ်တင်နုပျိုနေတာဖြစ်ပြီး ဆယ်ကျော်သက်တွေလို လှပချောမောနေတဲ့ သူပဲဖြစ်ပါတယ်။ လတ်တလောမှာလည်း ပရိသတ်တွေအတွက် သူမရဲ့ နေ့စဥ်လှုပ်ရှားမှုပုံရိပ်လေးတွေနဲ့ ချစ်စရာ ပုံလေးတွေကို အမြဲဖော်ပြပေးပါတယ်။ ယခုမှာလည်း မေကဗျာက မြင်သူတိုင်း ချစ်အားပိုလောက်မယ့် ပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာ တင်ပေးလာခဲ့ပါတယ်။

Photo Credit - May Kabyar fb page
Photo Credit - May Kabyar fb page

ဒီပုံလေးတွေထဲမှာတော့ မေကဗျာက လွတ်လပ်ပေါ့ပါးတဲ့ အပြာရောင်ဂါဝန်လေးကို ဝတ်ဆင်ပြီး ဟန်ဆောင်မှုတဲ့ အမူအရာလေးတွေနဲ့ ပရိသတ်ချစ်အားပိုအောင် ဖမ်းစားထားတဲ့ ပုံလေးတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီဂါဝန်ဝတ်စုံလေးကလည်း သူမရဲ့ ပင်ကိုယ်အလှတရားတွေကို ပေါ်လွင်စေပြီး ပိုမိုလိုက်ဖက်မှုရှိတာကိုတွေ့ရပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ဆယ်ကျော်သက်တစ်ယောက်လို လွတ်လပ်ပေါ့ပါးပြီး ချစ်စရာကောင်းနေတဲ့ မေကဗျာ ရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - May Kabyar fb page

Source - May Kabyar fb page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။