အဆိုတော် အာဘွိုင်းက မင်းသမီးချောလေး မြတ်ရတနာကျော်နဲ့ ထိမ်းမြားလက်ထပ်ပြီး သမီးလေးတစ်ယောက်ထွန်းကားခဲ့တာ ဖြစ်ပါတယ် ။ Scarlett လို့အမည်ပေးထားတဲ့ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ရဲ့သမီးလေးကတော့ ဖေဖေနဲ့မေမေဆီက အချောအလှတွေကို ရရှိထားလို့ ဘိုမရုပ်လေးလို ချစ်ဖို့ကောင်းနေတာလည်း ဖြစ်ပါတယ် ။ ပါးဖောင်းဖောင်းလေးတွေနဲ့ အသည်းယားစရာကောင်းတဲ့ Scarlett လေးကို ပရိသတ်တွေကလည်း ချစ်ခင်နေရတာ ဖြစ်ပါတယ် ။

Photo Credit- Ye Min Ko ( Ye Min Lay Photography)

သမီးလေးနဲ့အတူ ပြီးပြည့်စုံပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိထားတဲ့ အာဘွိုင်းတို့စုံတွဲကို အများကပါအားကျနေရတာ ဖြစ်ပါတယ် ။လက်ရှိမှာတော့ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့စုံတွဲလေးက အနုပညာအလုပ်တွေကို ပုံမှန်လုပ်ကိုင်ရင်း ပရိသတ်တွေရဲ့အားပေးမှုကို ရရှိနေတာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၃) ရက်နေ့ကတော့ အာဘွိုင်းတို့ဇနီးမောင်နှံက သမီးလေးရဲ့မွေးနေ့ပွဲကို အိမ်မှာပဲ ကျင်းပပေးခဲ့တာ ဖြစ်ပါတယ် ။

Photo Credit- Ye Min Ko ( Ye Min Lay Photography)
Photo Credit- Ye Min Ko ( Ye Min Lay Photography)
Photo Credit- Ye Min Ko ( Ye Min Lay Photography)
Photo Credit- Ye Min Ko ( Ye Min Lay Photography)
Photo Credit- Ye Min Ko ( Ye Min Lay Photography)

အသက် (၂) နှစ်ပြည့်သွားပြီဖြစ်တဲ့ Scarlett လေးကတော့ ဖေဖေနဲ့မေမေတို့နဲ့အတူ မွေးနေ့မှာ ပျော်ရွှင်ခဲ့ရတာ ဖြစ်ပါတယ် ။ အခုလည်း အာဘွိုင်းက "ပြီးခဲ့တဲ့ Scarlett မွေးနေ့တုန်းက ဓါတ်ပုံတွေတင်ဖို့ မေ့နေလို့... အခုမှ တင်လိုက်ရတာ... Sorry ပါ။ သမီး ၃ ယောက် ရှိတော့... တစ်နှစ်မှာ မွေးနေ့ကိတ် ၃ ကြိမ်မှာရတယ်။ မှာလိုက်တိုင်းလည်း Idea တစ်ခါမှ မထပ်အောင် အမြဲ အကောင်းဆုံးနဲ့ အမှတ်တရဆုံးဖြစ်အောင် စီစဉ်ပေးတဲ့ The Bote's Bakery မှ May Thu Aung ကိုလည်း ကျေးဇူးအထူးပါ။" ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် အာဘွိုင်းတို့မိသားစုလေးရဲ့ကြည်နူးစရာပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Kyaw Phyo Tun's FB Acc

Photo Credit- Ye Min Ko ( Ye Min Lay Photography)

Photo Credit- Ye Min Ko ( Ye Min Lay Photography)
Photo Credit- Ye Min Ko ( Ye Min Lay Photography)
Photo Credit- Ye Min Ko ( Ye Min Lay Photography)
Photo Credit- Ye Min Ko ( Ye Min Lay Photography)
Photo Credit- Ye Min Ko ( Ye Min Lay Photography)
Photo Credit- Ye Min Ko ( Ye Min Lay Photography)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။