Photo credit -DreamHack

Dignitas အနေနဲ့ကတော့ ပြီးခဲ့တဲ့ 2020 ခုနှစ် 1 လပိုင်း 21 ရက်နေ့ကမှ cs:go team ကိုအသစ်ပြန်လည် ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဒီ roster နဲ့အတူဖြတ်သန်းလာခဲ့တာ 8 လနီးပါးလောက်ရှိပြီပဲ ဖြစ်ပါတယ်။

Dignitas ဟာ ဒီ roster နဲ့အတူ ပြိုင်ပွဲတွေများစွာကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ပြီးခဲ့တဲ့ 9 လပိုင်း 16 ရက်နေ့မှာတော့ အသင်းက players နှစ်ယောက်ကို inactive roster ကိုပို့ခဲ့ပြီပဲ ဖြစ်ပါတယ်။

inactive roster ကိုပို့ခံခဲ့ရတဲ့ players တွေကတော့ GeT_RiGhT နဲ့ Xizt တို့ဖြစ်ပြီး ပြိုင်ပွဲတွေတိုင်းမှာ performance တွေကျဆင်းနေတာကြောင့် အခုလိုပို့ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် Dignitas ရဲ့ လက်ရှိ roster ကတော့

Patrik "⁠f0rest⁠" Lindberg

Adam "⁠friberg⁠" Friberg

Håkon "⁠hallzerk⁠" Fjærli

Robin "⁠Fifflaren⁠" Johansson (coach)

တို့ဖြစ်ပြီး roster ပြည့်စုံဖို့အတွက် နောက်ထပ် players နှစ်ယောက်ကို ခေါ်ယူသွားဖို့ လိုအပ်နေပါသေးတယ်။

Dignitas အနေနဲ့လည်း လာမယ့် 22 ရက်နေ့မှာ DreamHack Open Fall 2020 : Closed Qualifier ကိုဝင်ရောက်ယှဥ်ပြိုင်သွားဖို့ ရှိတာကြောင့် ဒီပြိုင်ပွဲမတိုင်မီ ဘယ်သူတွေကို ခေါ်ယူသွားမလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။

Source - Dignitas twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။