ပရိသတ်ကြီးရေ မင်းသား ဝေဠုကျော်က အနုပညာလောကမှာ ဆယ်စုနှစ်လောက်ထဲက အောင်မြင်မှုတွေရရှိခဲ့တဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ သူဟာ ဇာတ်ကားများစွာကို ရိုက်ကူးထားပြီး ဇာတ်ကားတိုင်းမှာလည်း သဘာဝကျကျ ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ သူပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ဝေဠုကျော် က အနုပညာအလုပ်တွေထက် လူမူရေးအကျိုးပြု ပရဟိတလုပ်ငန်းတွေကို ရှေ့မှဦးဆောင်လုပ်ကိုင်ပေးနေတာကိုလည်း တွေ့ရပါတယ်။

Photo Credit - Wai Lu Kyaw Foundation
Photo Credit - Wai Lu Kyaw Foundation

မကြာခဏဆိုသလို လိုအပ်တဲ့ နေရာတွေမှာလည်း တတ်နိုင်သလောက် အလှူအတန်းလေးတွေကို ပြုလုပ်ပေးပါတယ်။ ဒါ့အပြင် လတ်တလော ကပ်ရောဂါ တိုက်ဖျက်ရေး အချိန်ကာလလေးမှာလည်း ရှေ့ဆုံးမှတိုက်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ အတူ ကူညီလုပ်ကိုင်ပေးတဲ့ သူ့ရဲ့ လှုပ်ရှားမှုတွေထဲက တချို့ကိုလည်း ဖော်ပြပေးပါတယ်။ ယခုတစ်ခါမှာတော့ ဝေဠုကျော် က ပရိသတ်တွေ ကြည်နူးစေမယ့် အလှူပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Wai Lu Kyaw Foundation
Photo Credit - Wai Lu Kyaw Foundation

ဒီအလှူလေးကတော့ ဝေဠုကျော်က စတင်ဘာလ ၁၇ ရက်နေ့က ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရိုးမရိပ်သာ Q စင်တာ ကို Face Shield များကို ကူညီ ပံ့ပိုးပေးခဲ့တာ ဖြစ်ပါတယ်။ ဒီ ကူညီပံ့ပိုးပေးခဲ့တာနဲ့ ပတ်သက်ပြီး ဝေဠုကျော် က"ဝေဠုကျော်ဖောင်ဒေးရှင်းမှ ဒဂုံဆိပ်ကမ်းမြို့နယ် ၊ရိုးမရိပ်သာ Q စင်တာ မှ လုပ်ဖေါ်ကိုင်ဖက် volunteers လုပ်အားပေးများ အတွက် Face Shield အခု 300 ပံ့ပိုး ကူညီ ခဲ့ပါတယ်" ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ တစ်ထောင့်တစ်နေရာကနေ နိုင်ငံအတွက် တတ်နိုင်သလောက် ကူညီပံ့ပိုးနေတဲ့ ဝေဠုကျော်ကို ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါဦးနော် ။

Photo Credit - Wai Lu Kyaw Foundation

Source - Wai Lu Kyaw Foundation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။