ပရိသတ်ကြီးရေ နေဝင်းနဲ့အိမ့်ချစ်ချောတို့ဇနီးမောင်နှံနှစ်ယောက်ကတော့ ချစ်သူဘဝကို နှစ်တွေအကြာကြီးလက်တွဲလာကြကာ အခုဆိုရင်တော့ နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်လိုက်ပြီဖြစ်ပါတယ်။နေဝင်းကအဆိုတော်တစ်ယောက်ဖြစ်သလို အိမ့်ချစ်ချောကလည်း Travel Bloggerလေးဖြစ်တာကြောင့် သူမတို့ကို ချစ်ခင်အားပေးကြတဲ့ပရိသတ်တွေရှိပါတယ်နော်။နေဝင်းကလည်း သူ့ထက်အများကြီးငယ်တဲ့ ဇနီးချောလေးကို အလိုလိုက်ပြီး ကြင်နာယုယပေးတာဖြစ်ပါတယ်။

Photo Credit:Eainy Chit Chaw's Facebook Account
Photo Credit:Eainy Chit Chaw's Facebook Account

အိမ့်ချစ်ချောတို့ဇနီးမောင်နှံနှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမကြပြီး အေးအတူပူအမျှလက်တွဲနေထိုင်နေကြတာဖြစ်ပါတယ်။လက်ရှိမှာတော့ အိမ့်ချစ်ချောက ခရီးထွက်တာကို နားထားတာဖြစ်ပြီး နေဝင်းကတော့ သီချင်းအသစ်လေးတွေကို ဆက်လက်ဖန်တီးနေပါတယ်နော်။နေဝင်းနဲ့အိမ့်ချစ်ချောတို့ကတော့ အိမ်မှာပဲ အေးအေးချမ်းချမ်းနေထိုင်ပြီး အနားယူနေကြတာဖြစ်ပါတယ်။

Photo Credit:Eainy Chit Chaw's Facebook Account
Photo Credit:Eainy Chit Chaw's Facebook Account

နေဝင်းကလည်း အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသတာကြောင့် အိမ်အလုပ်တွေကိုလည်း အမြဲကူလုပ်ပေးပါတယ်နော်။အခုဆိုရင်လည်း နေဝင်းက အိမ်ရဲ့သန့်ရှင်းရေးကို အပီအပြင်လုပ်ဆောင်နေတာဖြစ်ပါတယ်။အိမ့်ချစ်ချောကတော့ သန့်‌ရှင်းရေးလုပ်နေတဲ့ ချစ်ခင်ပွန်းကို စနောက်ကျီစယ်ပြီး ဗီဒီယိုရိုက်ထားတာဖြစ်လို့ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Eainy Chit Chaw's Facebook Account
Photo Credit:Eainy Chit Chaw's Facebook Account

Photo Credit:Eainy Chit Chaw's Facebook Account

Source& Video Credit:Travel Kueen's Facebook page Mystory

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။