မင်းသားချောလေး ပိုင်တံခွန်ကတော့ မိန်းကလေးပရိသတ်တွေရဲ့ဝန်းရံအားပေးမှုကို အပြတ်အသတ်ရရှိထားတာကြောင့် ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လို့တောင် ဆိုနိုင်တာဖြစ်ပါတယ်။ ပိုင်တံခွန်ဟာဆိုရင် မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံအထိပါ အောင်မြင်ကျော်ကြားပြီး အမာခံပရိသတ်တွေများစွာ ရရှိထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ပိုင်တံခွန်က အမိုက်စား Body နဲ့အတူ ချောမောခန့်ညားတဲ့ရုပ်ရည်ကိုပါ ပိုင်ဆိုင်ထားတဲ့ ကိုလူချောလေးဆိုရင်လည်း မမှားပါဘူးနော် ။

Photo Credit-Paing Takhon's FB Acc
Photo Credit-Paing Takhon's FB Acc
Photo Credit-Paing Takhon's FB Acc

သူ့ရဲ့မိဘနှစ်ပါးအပေါ်မှာလည်း သိတတ်ရိုသေတဲ့ ပိုင်တံခွန်က အနုပညာလောကမှာ တဖြည်းဖြည်းနဲ့ အရင်ကထက်တောင် ပိုမိုအောင်မြင်လာတာ ဖြစ်ပါတယ် ။ မနေ့ကလည်း ပိုင်တံခွန်တစ်ယောက် သူ့ရဲ့မွေးနေ့မှာ အရမ်းတန်ဖိုးရှိတဲ့လက်ဆောင်တွေကို လက်ခံရရှိခဲ့တာပဲ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၇) ရက်နေ့လေးမှာ ပိုင်တံခွန်က အသက် (၂၄) နှစ်တိတိပြည့်သွားခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Paing Takhon's FB Acc
Photo Credit-Paing Takhon's FB Acc
Photo Credit-Paing Takhon's FB Page

တစ်နေ့လုံးအလုပ်တွေနဲ့ မအားမလပ်ဖြစ်နေတဲ့ ပိုင်တံခွန်က ညပိုင်းမှာတော့ သူ့ရဲ့မွေးနေ့ပွဲလေးကို Live လွှင့်ပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးမှာ ပိုင်တံခွန်က သူရရှိခဲ့တဲ့လက်ဆောင်တွေကိုလည်း ပြသခဲ့ပြီး လာပို့ပေးတဲ့ပရိသတ်တွေ၊ မိတ်ဆွေနဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေကိုလည်း ကျေးဇူးတင်စကားဆိုခဲ့တာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချော ပိုင်တံခွန်ရဲ့ Live ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Paing Takhon's FB Page

Photo Credit-Paing Takhon's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။