ဖြူဖွေးလွန်းတဲ့  အသားအရေကြောင့်  ကိုရီးယားမင်းသားလေးလို့ ထင်မှတ်ရလောက်အောင်ကို ချောမောလွန်းသူကတော့ Model မင်းသွေးခန့်ပဲ ဖြစ်ပါတယ်။ သူဟာ နှုတ်ခမ်းနီမလေးတွေရဲ့ တစ်ခဲနက် အားပေးဝန်းရံမှုတွေကို သိမ်းပိုက်ရရှိထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ လူငယ်ဆန်တဲ့ ဖက်ရှင်တွေကို ရွေးချယ်ဝတ်ဆင်တတ်သူ တစ်ယောက်ဖြစ်တာကြောင့် သူ့ရဲ့ ပုံစံလေးက တစ်မျိုးလေး အထာကျနေတာလည်း ဖြစ်ပါတယ်။

Photo Crd- Min Thway Khant’s Facebook Account
Photo Crd- Min Thway Khant’s Facebook Account
Photo Crd- Min Thway Khant’s Facebook Account

မင်းသွေးခန့်ဟာ လတ်တလောမှာတော့ အဆိုတော် Ar-T ရဲ့ Music Video တွေမှာ ပါဝင်သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ သရုပ်ဆောင်မှုတွေကိုတော့ ပရိသတ်တွေအားလုံးက မချီးကျုးဘဲ မနေနိုင်အောင်ကို Acting တွေက ပီပြင်ပြောင်မြောက်လွန်းတာပဲ ဖြစ်ပါတယ်။  မင်းသွေးခန့်ရဲ့   လှုပ်ရှားမှုတွေတိုင်းကိုလည်း မိန်းကလေး ပရိသတ်တွေက စောင့်ကြည့်အားပေးနေကြတာလည်း ဖြစ်ပါတယ်။

Photo Crd- Ar_T’s IG Account
Photo Crd- Ar_T’s IG Account
Photo Crd- Ar_T’s IG Account

မနေ့ကလည်း အဆိုတော် Ar_T ရဲ့ Instagram လူမှုကွန်ယက်မှာ ဗီဒီယိုလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ မင်းသွေးခန့်ချော်လဲမှာစိုးလို့ လက်လေးကို အမိအရဖမ်းဆွဲလိုက်တဲ့ Jay Baasရဲ့ Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Min Thway Khant’s Facebook Account and Ar_T’s IG Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။