ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားကြသူတွေကတော့ အဆိုတော် Ah Boy နဲ့ မြတ်ရတနာကျော်တို့ ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ တစ်ယောက်ကို တစ်ယောက်အရမ်းကိုချစ်ကြပြီး ရိုမက်တစ်လည်း ဆန်လွန်းတာကြောင့် ပရိသတ်တွေအားလုံးက အားကျနေကြတာလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ သမီးလေး Scarlett လေးဟာလည်း ဖေဖေ၊ မေမေတို့ရဲ့ အသည်းကျော်လေး ဖြစ်ရုံသာမကဘဲ အားလုံးကလည်း အသည်းတွေယားပြီး ချစ်မဝ ဖြစ်နေကြတာပါ။

Photo Crd-Ye Min Ko’s Photography
Photo Crd- Myat Yadanar Kyaw’s Facebook Account
Photo Crd- Myat Yadanar Kyaw’s Facebook Account

Scarlett လေးဟာလည်း မကြာသေးခင် ရက်ပိုင်းလောက်က အသက်(၂) နှစ်ပြည့်ခဲ့တာပဲ ဖြစ်ပြီး သမီးလေးရဲ့ မွေးနေ့လေးကို Ah Boy တို့ဇနီးမောင်နှံက အိမ်မှာဘဲ ကျင်းပပြုလုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ သမီးလေးဟာလည်း အရုပ်မလေးလို့ ထင်မှတ်ရလောက်အောင်ကို ချစ်စရာကောင်းလွန်းသူ တစ်ယောက်ပါ။ မနေ့ညကလည်း မြတ်ရတနာကျော်ရဲ့ Facebook Story မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Myat Yadanar Kyaw’s Facebook Account
Photo Crd- Myat Yadanar Kyaw’s Facebook Account

ဒါကတော့ မေမေ့ကိုအင်္ဂလိပ်အက္ခရာလေးတွေတစ်လုံးချင်းစီရွတ်ပြနေတဲ့ Scarlett ရဲ့ ချစ်စဖွယ် Video လေးပဲ ဖြစ်ပါတယ်။ သမီးလေးကတော့ စကားမပီကလာနဲ့ မေမေ့ကို အသည်းတွေယားအောင် ရွတ်ပြနေတာပါ။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Myat Yadanar Kyaw’s Facebook Account and Ye Min Ko’s Photography 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။