လူမှုကွန်ယက်စာမျက်နှာပေါ်မှာ နာမည်ရအောင်မြင်နေတဲ့ နေခြည်ဦးကတော့ ယောက်ျားလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေရဲ့အားပေးဝန်းရံမှုကို ရရှိထားတာ ဖြစ်ပါတယ်။ သွက်လက်တက်ကြွပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ နေခြည်ဦးရဲ့ပုံစံက ပရိသတ်တွေကိုပိုပြီးကြွေစေနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် နေခြည်ဦးက သူမရဲ့ပရိသတ်တွေအပေါ်မှာလည်း ဖော်ဖော်ရွေရွေ ဆက်ဆံလေ့ရှိတာဖြစ်ပါတယ်။

Photo Credit : Beauty by nay chi Facebook Page
Photo Credit : Beauty by nay chi Facebook Page

သူမရဲ့ ဖက်ရှင်ဟာဆိုရင်လည်း ခေါင်းအစခြေအဆုံး အမြဲအသစ်သစ်တွေ အမိုက်စားတွေနဲ့ မရိုးနိုင်အောင်လန်းနေတာကြောင့်မိန်းကလေးအများစု အားကျ နှစ်သက်နေရသူလေးလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ ချီဟာ Live လွှင့်ကာ အလှပဆိုင်ရာ ဗဟုသုတများကို ပရိသတ်တွေသိရှိစေရန် ပြောကြားပေးထားတဲ့ ဗီဒီယိုလေးကို ဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit : Beauty by nay chi Facebook Page
Photo Credit : Beauty by nay chi Facebook Page

ဗီဒီယိုလေးထဲမှာ ချီချီတစ်ယောက် အရမ်း ချစ်ဖို့ကောင်းလွန်းနေသလို ပြောသွားတာတွေကလည်း တကယ်ကို မှတ်သားစရာကောင်းနေတာလည်းဖြစ်ပါတယ်။ချီချီကတော့ အမြဲ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးနေတတ်သူလေးလည်းဖြစ်ပါတယ်။ကဲ..ချစ်ပရိသတ်ကြီးတွက် နေခြည်ဦးရဲ့ Live ဗီဒီယိုလေးကို ကြည့်ရှုနိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Photo Credit : Beauty by nay chi Facebook Page
Photo Credit : Beauty by nay chi Facebook Page

Source & Photo Credit : Beauty by nay chi Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။