ပရိသတ်ကြီးရေ......တက်သစ်စ သရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် အနုပညာအရည်အချင်း ပြည့်ဝတာကြောင့် ပရိသတ်အားပေးမှုကို အချိန်ခဏလေးအတွင်း ရရှိထားတဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ခန့်ပဲဖြစ်ပါတယ်။ သူမဟာ Mrtv-4ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ အချစ်ဖွဲ့လေညင်းဇာတ်လမ်းတွဲလေးမှာ အတွင်းရေးမှူးမလေး ရှေးရေစက်အနေနဲ့ပါ၀င်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး အောင်မြင်မှုရရှိလာတာဖြစ်ပါတယ်နော်။

Photo credit-Khant Thiri Zaw's Facebook acc
Photo credit-Khant Thiri Zaw's Facebook acc

ချစ်စရာအပြုံးချိုချိုလေးတွေအပြင် သိမ်မွေ့ငြင်သာတဲ့ အပြုအမူလေးတွေပိုင်ဆိုင်ထားတဲ့ ခန့်ကို ပရိသတ်တွေက အချစ်ပိုပြီးရင်းပိုနေကြတာပါ....။

သူမဟာ အခုဆိုရင်လည်း အနုပညာလှုပ်ရှားမှုတွေကိုဆက်တိုက်ဆိုသလို လုပ်ဆောင်နေတာဖြစ်ပြီး အားလပ်ချိန်လေးတွေမှာလည်း tik tokဗီဒီယိုလေးတွေ ရိုက်လေ့ရှိပါတယ်နော်။

Photo credit-Khant Thiri Zaw's Facebook acc
Photo credit-Khant Thiri Zaw's Facebook acc

မကြာသေးမီကလည်း ခန့်ဟာသူမရဲ့ Facebook စာမျက်နှာလေးမှာ ချစ်စဖွယ်အမူအရာလေးတွေနဲ့ သီချင်းတီးလုံးလေးတွေအတိုင်း ရိုက်ထားတဲ့ ဗီဒီယိုလေးတွေကို "ခန့် TikTok လေးတွေကို လွမ်းနေတဲ့ ခန့် ချစ်ရတဲ့ Vitamins လေးတွေအတွက် " ဆိုတဲ့ captionလေးနဲ့ တင်ပေးလာပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Khant Thiri Zaw's Facebook acc
Photo credit-Khant Thiri Zaw's Facebook acc

Source& video Credit-Khant Thiri Zaw's Facebook acc

Photo credit-Khant Thiri Zaw's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။