ပွင့်လင်းပြီး သွက်သွက်လက်လက်ရှိတာကြောင့် ပရိသတ်တွေ ချစ်မဝ ဖြစ်နေရသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ဦးပဲ ဖြစ်ပါတယ်။ သူမဟာ အချိန်တိုအတွင်း ရေပန်းစားလာတာကြောင့် အားလုံးရဲ့ စောင့်ကြည့်အားပေးခြင်းကို ခံနေရတာလည်း ဖြစ်ပါတယ်။ ချီချီဟာ အနုပညာဘက်တွင်သာမကဘဲ ဖခင်ဖြစ်သူရဲ့ စီးပွားရေးအလုပ်တွေကိုလည်း အားလပ်ချိန်များတွင် ဝိုင်းကူညီပေးတတ်သူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Crd- Nay Chi Oo’s Facebook Account
Photo Crd- Nay Chi Oo’s Facebook Account
Photo Crd- Nay Chi Oo’s Facebook Account

ချီချီဟာ လတ်တလောမှာတော့ သူမရဲ့ မိဘနေအိမ်မှာ နေထိုင်နေပြီး အနုပညာလှုပ်ရှားမှုတွေမရှိဘဲ အနားယူလျက် ရှိနေတာပဲ ဖြစ်ပါတယ်။ အိမ်မှာနေရင်းနဲ့ မနက်တိုင်း အားကစားလေ့ကျင့်ခန်းတွေ အမြဲပြုလုပ်ပေးနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ချီချီရဲ့ ညီမဖြစ်သူ စိမ်းလဲ့ရတနာရဲ့ Facebook Story မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Nay Chi Oo’s Facebook Account
Photo Crd- Sane Let Yadanar’s Facebook Story
Photo Crd- Sane Let Yadanar’s Facebook Story

ဒါကတော့ ရေကူးကန်ထဲမှာဖုန်းတစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့ အစ်မဖြစ်သူချီချီကိုဗီဒီယိုလေးခိုးရိုက်ထားတာပဲ ဖြစ်ပါတယ်။ စိမ်းလဲ့လေးကလည်း အစ်မနဲ့အတူ နေရတဲ့အတွက် အရမ်းကို ဝမ်းသာ ပျော်ရွှင်နေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Nay Chi Oo’s and Sane Let Yadanar’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။