ပရိသတ်ကြီးရေ ဂီတနယ်ပယ်မှာ ထွန်းတောက်လာနေတဲ့ အေးမြဖြူ ကတော့ Myanmar idolအဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိခဲ့တဲ့ သူပဲဖြစ်ပါတယ်။ အေးမြဖြူဟာ တက်သစ်စ အဆိုရှင်လေးဖြစ်ပေမယ့် ငယ်စဉ်ကတည်းကအဆိုပြိုင်ပွဲတွေမှာ ဝင်ပြိုင်ရင်းဆုတွေရရှိခဲ့ပါတယ်။ယခုမှာတော့ သူမဟာ ဂီတနယ်ပယ်မှာ အောင်မြင်မှုတွေနဲ့ အကောင်းဆုံးလျှောက်လှမ်းလာနေပြီလည်း ဖြစ်ပါတယ်။

Photo Credit - Aye Mya Phyu fb account
Photo Credit - Aye Mya Phyu fb account

လတ်တလောမှာတော့ အေးမြဖြူဟာ ကိုယ်ပိုင်တေးသီချင်းတွေဖန်တီးနေပြီး ပရိသတ်အတွက် သီချင်းကောင်းလေးတွေ ဖျော်ဖြေပေးနိုင်အောင် ကြိုးစားနေတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် သူမဟာ နေ့စဥ်လှုပ်ရှားနေတဲ့ အနုပညာအလုပ်တွေအပြင် ချစ်စရာကောင်းတဲ့ ပုံလေးတွေကို မကြာခဏဆိုသလို ဖော်ပြပေးပါတယ်။ ယခုမှာလည်း အေးမြဖြူက လွမ်းနေတဲ့ ပရိသတ်တွေအတွက် အိမ်မှာနေရင်း ဓာတ်ဖမ်းထားတဲ့ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Aye Mya Phyu fb account
Photo Credit - Aye Mya Phyu fb account

ဒီပုံလေးတွေထဲမှာတော့ အေးမြဖြူ က ဆံပင်ပုံစံအသစ်လေးနဲ့ လှရက်လွန်းနေပြီး ချစ်စရာကောင်းနေတဲ့ အမူအရာလေးတွေနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေ့တခြားပိုပြီး ချစ်စရာကောင်းလာတဲ့ အေးမြဖြူလေးကို အရင်ကထက် ချစ်ပေးကြပါဦးနော်။ ကဲ...ပရိသတ်ကြီးရေ ဆံပင်ပုံစံအသစ်လေးနဲ့ တစ်မျိုးလေးချစ်ဖို့ကောင်းနေတဲ့ အေးမြဖြူ ရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြလိုက်ပါတယ်။

Photo Credit - Aye Mya Phyu fb account

Source - Aye Mya Phyu fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။