ကိုရီးယားမလေးလို့ ထင်မှတ်ရလောက်အောင် ချစ်စရာကောင်းလွန်းသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး နန်းဆုရတီစိုးပဲ ဖြစ်ပါတယ်။ သူမဟာ ဆယ်စုနှစ်ကျော်တိုင်အောင် သရုပ်ဆောင်ဘက်တွင်သာမကဘဲ အဆိုဘက်မှာပါ ထူးချွန်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ နန်းဆုဟာ ပရိသတ်တွေအပေါ် အမြဲအလေးထား ဆက်ဆံတတ်တာကြောင့် အားလုံးက ချစ်မဝဖြစ်နေရတာလည်း ဖြစ်ပါတယ်။

Photo Crd- Zaw Myo Htet(Galaxy) Photography
Photo Crd- Zaw Myo Htet(Galaxy) Photography
Photo Crd- Zaw Myo Htet(Galaxy) Photography
Photo Crd- Zaw Myo Htet(Galaxy) Photography
Photo Crd- Zaw Myo Htet(Galaxy) Photography

ဒီကနေ့မှာတော့ မင်းသမီးချောလေး နန်းဆုရတီစိုးရဲ့ မွေးနေ့ရက် မြတ်လေးပဲ ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့လေးကိုတော့ ချစ်ရတဲ့မိသားစုနဲ့အတူ အိမ်မှာဘဲ ကိတ်ခွဲကာပျော်ပျော်ပါးပါးကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း နန်းဆုရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် မွေးနေ့အမှတ်တရ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Zaw Myo Htet(Galaxy) Photography
Photo Crd- Zaw Myo Htet(Galaxy) Photography
Photo Crd- Zaw Myo Htet(Galaxy) Photography
Photo Crd- Zaw Myo Htet(Galaxy) Photography
Photo Crd- Zaw Myo Htet(Galaxy) Photography

နန်းဆုကလည်း " မွေးနေ့......

အရင်ဆို ပရိသတ်တွေ မိသားစုတွေ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အလှူလုပ်ကြ ပျော်ပျော်ရွှင်ရွှင်ကစားကြ စားကြနဲ့ ဖြတ်သန်းခဲ့တာ

ဒီနှစ်မွေးနေ့တော့ stay home ဆိုတော့ အိမ်မှာ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတယ်

မွေးနေ့ဆုတောင်းပေးကြသူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်.......

ချစ်ရတဲ့သူတွေအားလုံး စိတ်ချမ်းသာကျန်းမာပြီး ကပ်ရောဂါဆိုးကြီးကနေ ကင်းလွတ်ကြပါစေလို့ နန်းဆုက ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင့် ..

အားလုံးကို ချစ်တဲ့ ..

နန်းဆု " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် နန်းဆုရဲ့ မွေးနေ့ကိတ်ခွဲတဲ့ ဗီဒီယိုလေးကိုပါ တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source -Nansu Yati Soe’s Facebook Account

Photo Crd- Zaw Myo Htet(Galaxy) Photography 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။