ပရိသတ်ကြီးရေ.....မင်းသမီးချောလေး ဆုမြတ်နိုးဦး က တော့ အနုပညာလောကမှာ နေရာတစ်နေရာကို အခိုင်အမာရပ်တည်ထားပြီး ပရိသတ်တွေ ရဲ့ အချစ်တွေကို ရရှိထားခဲ့တဲ့ သူလေးပဲဖြစ်ပါတယ်.....။

သူမရဲ့ သရုပ်ဆောင်ပိုင်းမှာ ဘယ်လို ဇာတ်ကောင်တွေ မဆို သဘာဝကျကျ ပီပြင်အောင် သရုပ်ဆောင်နိုင်တာကြောင်လည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုရရှိထားတာဖြစ်ပါတယ်။

Photo credit-Hsu Myat Noe Oo's Facebook acc
Photo credit-Hsu Myat Noe Oo's Facebook acc

ကျော်ကျော် ၊ ညီထွဋ်ခေါင် နဲ့ ဆုမြတ်နိုးဦး တို့ သူငယ်ချင်းသုံးယောက်ကတော့ တစ်ယောက် ကို တစ်ယောက် မောင်နှမအရင်းတွေလို ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် နေတက်တဲ့ သူတွေဖြစ်ပြီး N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များဆိုတဲ့ pageလေးကိုထောင်ထားတာလည်းဖြစ်ပါတယ်။ ဆုမြတ်နိုးဦးတို့ဟာ ဒီpageလေးကနေလည်း ဟာသဗီဒီယိုဖိုင်လေးတွေကို မကြာခဏရိုက်ပြီးတင်ပေးလေ့ရှိပြီး သူမကိုယ်တိုင်လည်း onlineကနေတစ်ဆင့် ဈေးလေးတွေရောင်းပေးနေတာလည်း တွေ့ရပါတယ်။

Photo credit-Hsu Myat Noe Oo's Facebook acc
Photo credit-Hsu Myat Noe Oo's Facebook acc

ဆုမြတ်နိုးဦးဟာ မကြာသေးမီကတော့ သူမရဲ့ Tik tok accလေးမှာ Ice-creamသီချင်းလေးနဲ့အတူ ချစ်စဖွယ်အမူအရာမျိုးစုံနဲ့ ရိုက်ထားတဲ့ဗီဒီယိုလေးကို တင်ပေးလာပါတယ်။ ဆုမြတ်နိုးဦးရဲ့ tik tokလေးကို ကြည့်ပြီးအသည်းတွေယားနေပါပြီနော်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo credit-Hsu Myat Noe Oo's Facebook acc
Photo credit-Hsu Myat Noe Oo's Facebook acc
@hsumyatnoeoo1

အရူးထခြင်း

original sound - hsumyatnoeoo1

Source& video Credit-Hsu Myat Noe Oo's Tik tok acc

Photo credit-Hsu Myat Noe Oo's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။