ပရိသတ်ကြီးရေ.. အောင်မြင်မှုတွေ အခိုင်အမာနဲ့ အားလုံးရဲ့အချစ်တွေကို သိမ်းပိုက်ရရှိထားတဲ့ ပြည်သူ့အသည်းကျော် မင်းသမီးချောလေးကတော့ ဖြူဖြူထွေးပဲ ဖြစ်ပါတယ်နော်..။

အချိန်တိုအတွင်း အောင်မြင်မှုတွေများစွာ ရရှိထားတဲ့ ဖြူဖြူထွေးဟာ အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိပြီး ရက်ရောတဲ့ သူမရဲ့စိတ်ထားစေတနာလေးတွေကြောင့်လည်း ပရိသတ်တွေကြား အမြဲရေပန်းစားနေတာပါ..။

Photo Credit - Amazing Grace
Photo Credit - Amazing Grace

အလှူလေးတွေ အမြဲပြုလုပ်တတ်တဲ့ ဖြူဖြူထွေးဟာ အခုတစ်ခါမှာလည်း ကျောက်ကပ်ခွဲိတ်ကုသမှုခံယူရမယ့် ဇာတ်ပို့သရုပ်ဆောင်အတွက် အလှူငွေတွေ လှူဒါန်းခဲ့ပြန်ပါတယ်နော်..။

ကျောက်ကပ်ခွဲစိတ်မှု ပြုလုပ်ရမယ့် ဇာတ်ပို့သရုပ်ဆောင် ဦးတင်အေးအတွက် အလှူငွေ(၂)သိန်းကျပ် တိတိကို ပေးအပ်လှူဒါန်းခဲ့တာဖြစ်ပြီး သုမရဲ့လှူလေးကိုတော့ ဦးဝင်းမြိုင်က ပြန်လည်မျှဝေပြောပြထားတာပါ..။

Photo Credit - Amazing Grace
Photo Credit - Win Myaing's Fb Account

"ကျောက်ကပ် ခွဲစိတ်ကုသမှုခံယူရမည့်

ဇာတ်ပို့သရုပ်ဆောင် ဦးတင်အေး အတွက်

သရုပ်ဆောင် ဖြူဖြူထွေး မှ

အလှူငွေ ၂၀၀,၀၀၀/ ပေးပို့လှူဒါန်းပါသည်။

သာဓု သာဓု သာဓု.." ပါဆိုပြီး ဦးဝင်းမြိုင်က ပြောပြထားတာပါ..။

ပရိသတ်တွေကလည်း အလှူရေစက်လက်နဲ့မကွာ အမြဲတမ်း လှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိတဲ့ ဖြူဖြူထွေးရဲ့ အလှူလေးကိုလည်း သာဓုခေါ်ဆုတောင်းစကားလေးတွေ ပြောထားကြပါတယ်နော်..။

Photo Credit - Win Myaing's Fb Account
Photo Credit - Win Myaing's Fb Account

Sourve & Photo Credit - Win Myaing's Fb Account & Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။