ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ မင်းသားချောနေဒွေးကတော့ သရုပ်ဆောင်ကောင်းသလို ဆွဲဆောင်မှုရှိပြီး ခန့်ညားတဲ့ပုံရိပ်လေးတွေကြောင့် မိန်းကလေးပရိသတ်တွေကြား ရေပန်းစားသူပဲ ဖြစ်ပါတယ်နော်..။

ပြည်သူချစ်အနုပညာရှင်တွေအဖြစ် အောင်မြင်စွာ ရပ်တည်လျှောက်လှမ်းနေတဲ့ နေဒွေးကတော့ အလှူအတန်းတွေကို မကြာခဏပြုလုပ်ကာ တစ်လတစ်ခါ သက်ကြီးရွယ်အိုဘိုးဘွားတွေအတွက်လည်း လှူဒါန်းမှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်..။

Photo Credit - Nay Dway's Fb Account
Photo Credit - Nay Dway's Fb Account

အခုတစ်ခါမှာလည်း နေဒွေးတစ်ယောက် ချစ်ရတဲ့ပရိသတ်တွေနဲ့အတူ မျက်လုံးတစ်ဖက်မမြင်တဲ့ အသက်(၈၀)ကျော် ယောဂီဝတ် အဖွားအတွက် အိမ်တိုင်ရာရောက် လှူဒါန်းမှုတွေပြုလုပ်ခဲ့ပြန်ပါတယ်နော်..။

အဖွားအတွက် အလှူငွေတွေအပြင် ဆန်နဲ့ ဆီတွေကို အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းခဲ့တာဖြစ်ပြီး ကူညီပေးကြသူတွေကိုလည်း ကျေးဇူးတင်စကားလေး ဆိုထားပါသေးတယ်နော်..။

Photo Credit - Nay Dway's Fb Account
Photo Credit - Nay Dway's Fb Account

"တတိယကြိမ်မြောက် ဘိုးဘွားများကိုစောင့်ရှောက်ကြပါစို့ မျှဝေကြပါစို့ အစီအစဉ်ရဲ့ အလှူနေ့လေးပါခင်ဗျ ခုနှစ်ရက်သားသမီးကုသိုလ်ပါ

အဘွားအတွက် ဆန် ၈ပြည် ဆီ ၅ပိဿာ နှင့် အလှူငွေ ၁၂၀၀၀၀ ကျပ်တိတိ အလှူဒါနပြုခဲ့ပါတယ်

အဘွားနေရာကို လမ်းညွှန်လိုက်ပို့ပေးတဲ့ စာရေးဆရာ မထူးထက်ထက်အောင်လည်းကျေးဇူးပါဗျ.." ဆိုပြီး အလှူလေးကို မျှဝေထားတာ ဖြစ်ပါတယ်..။

ကြည်နူးစရာကောင်းသလို မွန်မြတ်တဲ့နေဒွေးရဲ့ အလှူလေးကိုလည်း ပရိသတ်တွေကလည်း သဘောကျကာ သာဓုခေါ်ဆုတောင်းစကားလေးတွေလည်း ပြောထားကြပါတယ်နော်..။

Photo Credit - Nay Dway's Fb Account
Photo Credit - Nay Dway's Fb Account

Source & Photo Credit - Nay Dway's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။