သွယ်လျကျစ်လစ်တဲ့ခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ အိန်ဂျယ်လမုန်ကိုတော့ပရိသတ်ကြီး ချစ်ကြမယ်ထင်ပါတယ်။သူမကတော့ မော်ဒယ်အဖြစ်နဲ့ အနုပညာလောကကို ဝင်ရောက်လာပြီး ယခုချိန်မှာတော့ ကြော်ငြာများ ဇာတ်ကားများရိုက်သည်အထိ ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားရသူလေးဖြစ်နေပါတယ်။သူမရဲ့ ချစ်စရာအပြုံးလေးတွေကပဲ ပရိသတ်ရဲ့အချစ်တွေကို ပိုစေခဲ့တာလည်းဖြစ်ပါတယ်။

Photo Credit : Angle Lamung Facebook Page
Photo Credit : Angle Lamung Facebook Page

ဂျပန်မလေးလို့ ထင်မှားရောက်လောက်အောင် ဖြူဝင်းလှပနေသူလေးမို့ မိန်းကလေးပရိသတ်အချို့ အားကျချစ်ခင်နေရခြင်းလည်းဖြစ်ပါတယ်။လတ်တလောမှာလည်း မြန်မာဝတ်စုံလေးနဲ့ ချစ်စရာကောင်းလွန်းနေတဲ့ ပုံရိပ်လေးတွေနဲ့အတူ "မြန်မာဝတ်စုံလေးနဲ့ဆို အရမ်းချစ်တာပဲ ဆိုလို့ ဝတ်ပလိုက်ပီ " ဆိုတဲ့စာလေးကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားပါတယ်။ဘယ်ဖက်ရှင်နဲ့မဆို လိုက်ဖက်နေတဲ့ ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုနေရတာလည်းဖြစ်ပါတယ်။

Photo Credit : Angle Lamung Facebook Page
Photo Credit : Angle Lamung Facebook Page

ချစ်ပရိသတ်ကြီး လည်း အိန်ဂျယ်လမုန်ရဲ့ မြန်မာဆန်ဆန် ပုံရိပ်လေးတွေကိုကြည့်ရှုပြီး ကြည်နူးနှစ်သက်လိမ့်မယ်လို့ထင်ပါတယ်။ သူမရဲ့ရှေ့ဆက်မယ့် အနုပညာအလုပ်တွေကိုလည်း အားပေးလိုက်ပါအုံးနော်။ဒီထက်မကလည်းအောင်မြင်မှုတွေ ချစ်ခင်မှုတွေ ရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : Angle Lamung Facebook Page
Photo Credit : Angle Lamung Facebook Page

Source & Photo Credit : Angle Lamung Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။