ပရိသတ်ကြီးရေ ပြုံးရယ်လိုက်တိုင်း ပေါ်လာတဲ့ ပါးချိုင့်လေးကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံခြင်းကို အပြည့်အဝရရှိထားတဲ့ သရုပ်ဆောင်မင်းသားချောလေးကတော့ ကောင်းမြတ်စံပဲဖြစ်ပါတယ်။ ကောင်းမြတ်စံက MRTV-4မှာ ထုတ်လွှင့်ပြသနေတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ သူပဲဖြစ်ပါတယ်.။ နောက်ပိုင်းမှာတော့ ဇာတ်လမ်းတွဲတွေသာမကပဲ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေရပြီပဲဖြစ်ပါတယ်.....။ 

Photo credit - Kaung Sitt Thway

လတ်တလောမှာတော့ ကောင်းမြတ်စံက ကြော်ငြာတွေနဲ့ photo shooting တွေကို လက်ခံရိုက်ကူးနေပြီး သူ အားလပ်တဲ့ အချိန်လေးတွေမှာ ပရိသတ်တွေဆီကို အပျင်းပြေ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလေ့ရှိနေတာလည်းဖြစ်ပါတယ်။ ကောင်းမြတ်စံက ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့အပြင် စကားကလည်း တက်လွန်းတာကြောင့် မိန်းကလေးပရိသတ်တွေအခိုင်အမာအားပေးမှုကို ရရှိထားတဲ့ မင်းသားချောလေးပဲဖြစ်ပါတယ်......။

Photo credit - Kaung Sitt Thway

သူရဲ့ ကိုယ်ခန္ဓာ ကြွက်သားအလှတွေကလည်း တကယ်ကို ကြွေချင်စရာကြီးပါနော်။ ယနေ့မှာတော့ ကောင်းမြတ်စံက သူရဲ့ ကြွက်သားအလှတွေပေါ်လွင်နေတဲ့ အမိုက်စားပုံရိပ်လေးကို တင်ပေးလာရင်း " ကိုမြင့်နိုင်ကြီးကြောင့် ကားတောင် ဆိုင်မပို့နိုင်ဘူး... ကိုယ်တိုင်ပဲ ဆေးလိုက်တယ် " ဆိုပြီး ရေးသားမျှဝေလာတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..... ။

Photo credit - Kaung Sitt Thway

Photo credit - Kaung Sitt Thway

Source - Kaung Myat San's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။