မင်းသမီးချောလေး အေးမြတ်သူကတော့ သရုပ်ဆောင်ပိုင်းမှာ အင်မတန်ထူးချွန်ပြီး အကယ်ဒမီဆုကိုပါ သိမ်းပိုက်ရရှိခဲ့သူလေး ဖြစ်ပါတယ်။ ပါးချိုင့်လေးနှစ်ဖက်နဲ့ နှစ်လိုဖွယ်ကောင်းတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်ထားတဲ့ အေးမြတ်သူက ဘာမှမလိမ်းခြယ်ထားတာတောင် သဘာဝအတိုင်း လှနေတတ်တာ ဖြစ်ပါတယ် ။ ဒါ့အပြင် အေးမြတ်သူက အချိုးအစားပြေပြစ်ပြီး သွယ်လျလှပတဲ့ အမိုက်စား Body လေးကိုလည်း ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။

Photo Credit-Aye Myat Thu's FB Page
Photo Credit-Myat Lay ML's FB Acc

အနုပညာအလုပ်တွေကို ပုံမှန်လုပ်ကိုင်နေတဲ့ အေးမြတ်သူက အလုပ်တွေမအားလပ်တဲ့ကြားကနေ ကျန်းမာရေးအတွက် အချိန်ပေးပြီး အားကစားလုပ်လေ့ရှိတာ ဖြစ်ပါတယ် ။ ယောဂလေ့ကျင့်သလို GYM လည်းပုံမှန်ကစားတဲ့ အေးမြတ်သူက တဖြည်းဖြည်းနဲ့ ပိုပိုပြီး လှလာတာလည်း ဖြစ်ပါတယ် ။ အခုလည်း အေးမြတ်သူက မြန်မာဆန်ဆန် အလှတရားတွေနဲ့ နူးညံ့သိမ်မွေ့စွာ လှသွေးကြွယ်နေတဲ့ ဗီဒီယိုလေးကို မျှဝေထားတာ ဖြစ်ပါတယ် ။

Photo Credit-Aye Myat Thu's FB Page
Photo Credit-Myat Lay ML's FB Acc
Photo Credit-Myat Lay ML's FB Acc

အေးမြတ်သူကတော့ မြန်မာဝတ်စုံလေးကို အမြတ်တနိုးဝတ်ဆင်ကာ အပြင်ထွက်လည်ရင်း Tik Tok ဗီဒီယိုလေးတစ်ခုကို ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ် ။ ဆံနွယ်ရှည်လေးတွေကို လေထဲမှာဝဲခါပြလိုက်ပြီး အမိုက်စားပို့စ်လေးတွေပေးကာ ကြွကြွရွရွလေးလျှောက်လှမ်းနေတဲ့ အေးမြတ်သူကတော့ ရင်ခုန်စွဲမက်ဖွယ်ကောင်းအောင် လှနေတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး အေးမြတ်သူရဲ့အမိုက်စား Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Myat Lay ML's Tik Tok Acc

Photo Credit-Myat Lay ML's FB Acc
@myatlay8686

original sound - myatlay8686

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။