ပရိသတ်ကြီးရေ.....မင်းသမီးချောလေး သံစဉ်မောင်ကတော့ ကျစ်လျစ်လှပတဲ့ခန္ဓာကိုယ်အချိုးအစားလေးကိုပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ မင်းသမီးလေးဖြစ်ပါတယ်။ သံစဉ်မောင်ဟာ ဘေဘီမောင်ရဲ့တစ်ဦးတည်းသောညီမလေးလည်းဖြစ်ပြီး ညီအစ်မနှစ်ယောက်လုံးအနုပညာအလုပ်တွေကို အတွဲညီညီနဲ့ကြိုးစားလုပ်ဆောင်နေကြတာဖြစ်ပါတယ်နော်။ ဒါ့ပြင်ဘေဘီမောင်ဟာ ညီမလေးအပေါ်ကိုလည်း အကြီးပီသတဲ့ အစ်မတစ်ယောက်လည်းဖြစ်ပြီး ညီအစ်မနှစ်ယောက်လုံး ချစ်ချစ်ခင်ခင်နဲ့ကြည်နူးစရာလေးပါ။
သံစဉ်မောင်ဟာသူမရဲ့အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာလည်းဖြစ်ပြီး ပရိသတ်တွေကလည်း အမဖြစ်သူဘေဘီကိုရော ညီမလေးကိုပါချစ်ခင်အားပေးနေကြတာလည်း တွေ့ရပါတယ်။ သံစဉ်မောင်တို့ မိသားစုလေးဟာဆိုရင်လည်း စည်းစည်းလုံးလုံးနဲ့ပျော်စရာကောင်းတဲ့ မိသားစုလေးဖြစ်ပြီးတော့ မိခင်ဖြစ်သူကလည်း သမီးလေးတွေအပေါ်ကိုအရမ်းဂရုစိုက်တာလည်း တွေ့ရပါတယ်နော်။
မကြာသေးမီကလည်း သံစဉ်မောင်ဟာ သူမရဲ့ Facebook my dayလေးမှာ သူမစားဖို့အတွက် ကျောက်ပုဇွန်တွေကိုယ်တိုင် ခွာကျွေးနေတဲ့ မိခင်ဖြစ်သူကို စနောက်နေတဲ့ဗီဒီယိုလေးကို တင်ပေးလာပါတယ်။ သံစဉ်မောင်ရဲ့ မေမေကတော့ သေချာကိုဂရုတစိုက်နဲ့ လုပ်ပေးနေတာပါနော်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source& video Credit-Than Sin Maung's Facebook acc
Photo credit-Than Sin Maung's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။