ပရိသတ်ကြီးရေ.. နိုင်ငံခြားသူလေးတစ်ယောက်လို ချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေအားလုံးက အချစ်ပိုနေကြရတဲ့ မော်လ်ဒယ်သရုပ်ဆောင်မင်းသမီးချောလေးကတော့ အိန်ဂျယ်လမုန်ပဲ ဖြစ်ပါတယ်နော်..။

အရပ်ရှည်ရှည်နဲ့ စမတ်ကျပြီး ဆွဲဆောင်မှုရှိတဲ့ အိန်ဂျယ်လေးကတော့ ညို့အားပြင်းတဲ့အလှတရားတွေကိုလည်း ပိုင်ဆိုင်ထားကာ ချစ်စဖွယ်ဟန်ပန်အမူအရာလေးတွေနဲ့ ဖမ်းစားတတ်သူလေးပါ..။

Photo Credit - Angel Lamung's Fb Page
Photo Credit - Angel Lamung's Fb Page

ယောကျ်ားလေး မိန်းကလေးပရိသတ်မရွေး အားလုံးက ချစ်ခင်ရသူလေး အိန်ဂျယ်ဟာ Tik Tok လေးတွေလည်း မကြာခဏဆော့ကားတတ်ပြီး အခုတစ်ခါမှာလည်း ချစ်စရာ ဗီဒီယိုလေးနဲ့ အချစ်ပိုစေပြန်ပါတယ်နော်..။

နာမည်ကျော်ကိုရီးယားသီချင်းလေးနဲ့ အသည်းယားစရာကောင်းအောင် ချစ်စဖွယ်အမူအရာလေးတွေနဲ့ Tik Tok လေး ဆော့ကစားထားတဲ့ ဗီဒီယိုလေးကိုတော့ အိန်ဂျယ်က ပြန်လည်မျှဝေထားတာပါ..။

Photo Credit - Angel Lamung's Fb Page
Photo Credit - Angel Lamung's Fb Page

"ဆာရာငဲယော်.." ဆိုပြီး ချစ်စဖွယ်လေး ကစားထားတဲ့ သူမရဲ့ Tik Tok ဗီဒီယိုလေးကို အိန်ဂျယ်လေးက ပရိသတ်တွေအတွက် ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်နော်..။

ကိုရီးယားသီချင်းလေးနဲ့ အသည်းယားစရာကောင်းအောင် ဆော့ကစားထားတဲ့ အိန်ဂျယ်လမုန်ရဲ့ Tik Tok ဗီဒီယိုလေးကိုလည်း ပရိသတ်တွေ သဘောကျနေကြမှာမို့ တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Angel Lamung's Fb Page
Photo Credit - Angel Lamung's Fb Page

Source & Photo Credit - Angel Lamung's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။