ဇာတ်ပို့သရုပ်ဆောင် အိအိတုန်ကတော့ ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်လို့ ပရိသတ်တွေကြားမှာ မသိသူမရှိလောက်အောင်ကို အောင်မြင်နေတာပဲ ဖြစ်ပါတယ် ။ အနုပညာလောကမှာ နှစ်ပေါင်းများစွာကြာအောင် ဇာတ်ကားတွေရိုက်ကူးခဲ့တဲ့ အိအိတုန်က ပရိသတ်တွေရဲ့ဝန်းရံအားပေးမှုကိုလည်း အပြည့်အဝရရှိထားတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ အိအိတုန်က ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ရင်း အောင်မြင်မှုရနေတာလည်း ဖြစ်ပါတယ် ။

Photo Credit-Ei Tone's FB Acc
Photo Credit-Ei Tone's FB Acc
Photo Credit-Ei Tone's FB Acc

သမီးလေးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ အိအိတုန်က သူမ ချစ်ရတဲ့မိသားစုလေးအပေါ်မှာလည်း တာဝန်ကျေပွန်သူဖြစ်ပါတယ်။ ဒါ့အပြင် ပြုံးရွှင်တဲ့မျက်နှာလေးနဲ့ အားလုံးကိုချိုချိုသာသာဆက်ဆံလေ့ရှိတဲ့ အိအိတုန်က အနုပညာမောင်နှမတွေအားလုံးနဲ့လည်း ရင်းနှီးချစ်ခင်နေတာ ဖြစ်ပါတယ် ။ အခုလည်း အိအိတုန်က ပြေတီဦး၊ရွှေကစ်တို့နဲ့အတူ ရိုက်ကူးထားတဲ့ အမှတ်တရပုံလေးတွေကို မျှဝေထားတာ ဖြစ်ပါတယ် ။

Photo Credit-Ei Tone's FB Acc
Photo Credit-Ei Tone's FB Acc
Photo Credit-Ei Tone's FB Acc

အိအိတုန်က "နယ်မှာသွားရိုက်တုန်းက ပုံလေးတွေတက်လာတော့လည်း သတိရမိ" ဆိုပြီး ပုံလေးတွေကို တင်ထားတာပဲ ဖြစ်ပါတယ် ။ အိအိတုန်ကတော့ ပရိသတ်အချစ်တော်အနုပညာရှင်တွေဖြစ်တဲ့ ပြေတီဦး၊ ရွှေကစ်တို့နဲ့အတူ နယ်မှာဇာတ်ကားသွားရိုက်ရင်း ချစ်ချစ်ခင်ခင် ဓာတ်ဖမ်းခဲ့တာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် အိအိတုန်တို့အနုပညာမောင်နှမတစ်စုရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Ei Tone's FB Acc

Photo Credit-Ei Tone's FB Acc
Photo Credit-Ei Tone's FB Acc
Photo Credit-Ei Tone's FB Acc
Photo Credit-Ei Tone's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။