မင်းသားချော နေမျိုးအောင်ကတော့ အနုပညာအလုပ်တွေကို ယနေ့အချိန်ထိတိုင် တစိုက်မက်မက်လုပ်ကိုင်လာတာဖြစ်ပါတယ်။နေမျိုးအောင်ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်း သူ့ရဲ့ဗီဒီယိုဇာတ်ကားတိုင်းနဲ့ ရုပ်ရှင်ဇာတ်ကားတွေကို တစ်ကားမှမလွတ်အောင် ကြည့်ရှု့ခဲ့ကြတာဖြစ်ပါတယ်။နေမျိုးအောင်ကတော့ အခုချိန်မှာဆိုရင် ဝါရင့်အနုပညာရှင်ကြီးတစ်ယောက်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်နော်။

Photo Credit:အာဗြဲစိန် Facebook page
Photo Credit:အာဗြဲစိန် Facebook page
Photo Credit:အာဗြဲစိန် Facebook page

နေမျိုးအောင်က ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးလည်းရှိပြီး ပါရမီဖြည့်ဖက်ကောင်းပီသတဲ့ဇနီးသည်ကိုလည်း ပိုင်ဆိုင်ထားပါတယ်နော်။နေမျိုးအောင်တို့ဇနီးမောင်နှံနှစ်ယောက်က ခရီးတွေလည်း အတူတူသွားလာကြပြီး အမြဲမခွဲဘဲ အတူတူနေကြတာဖြစ်ပါတယ်။နေမျိုးအောင်တို့က သူတို့ပိုင်တဲ့ နေမင်းသားဟိုတယ်ကိုလည်း မကြာခဏသွားရောက်လေ့ရှိပါတယ်နော်။

Photo Credit:အာဗြဲစိန် Facebook page
Photo Credit:အာဗြဲစိန် Facebook page
Photo Credit:အာဗြဲစိန် Facebook page

နေမျိုးအောင်ကတော့ အခုအရွယ်ထိတိုင် နုပျိုပြီး ခန့်ညားနေဆဲဖြစ်သလို သူ့ရဲ့ဇနီးချောလေးကလည်း အရမ်းလှနေဆဲဖြစ်ပါတယ်။အခုဆိုရင်တော့ နေမျိုးအောင်ရဲ့ချစ်ဇနီးက"ဘယ်သူ့မှအတုမခိုးပါဘူးနော် နဂိုကတည်းကကိုယ့်ပုံစံနဲ့ပဲကိုယ်နေပါတယ်ရှင့်"ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။နေနဲ့လ ရွှေနဲ့မြလို အရမ်းလိုက်ဖက်ညီကြတဲ့ နေမျိုးအောင်တို့ဇနီးမောင်နှံရဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:အာဗြဲစိန် Facebook page
Photo Credit:အာဗြဲစိန် Facebook page
Photo Credit:အာဗြဲစိန် Facebook page

Source&Photo Credit:အာဗြဲစိန် Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။