ပရိသတ်ကြီးရေ.. The Voice Myanmar ပြိုင်ပွဲကြီးနဲ့ ဆွဲဆောင်မှုတွေရှိလွန်းတဲ့ အမိုက်စားအသံပါဝါကောင်းကောင်းနဲ့ ဒိုင်တွေနဲ့ ပရိသတ်တွေကို သဘောကျအောင်ဖမ်းစားနိုင်ခဲ့တဲ့ ချစ်စရာကောင်မလေး Annie ကိုတော့ ပရိသတ်တွေ သိကြမှာပါနော်..။

သီချင်းလေးတွေကို ပိုင်ပိုင်နိုင်နိုင်နဲ့ သီဆိုဖျော်ဖြေခဲ့နိုင်တဲ့ သူမကိုတော့ ဒိုင်တွေအားလုံးက သဘောကျခဲ့ကြသလို လူငယ်ငယ်ဆန်ဆန် ချစ်စရာကောင်းတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေကလည်း အချစ်ပိုနေကြတာ ဖြစ်ပါတယ်နော်..။

Photo Credit – Annie Alisa’s Fb Account
Photo Credit – Annie Alisa’s Fb Account

Annie ကတော့ လွန်ခဲ့တဲ့ 2017 ခုနှစ်လောက်ကတည်းက Cover Song တွေ သီဆိုခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်မှာကတည်းက အားပေးချစ်ခင်ကြတဲ့ ပရိသတ် အစ်ကို အစ်မတွေရှိခဲ့တဲ့အကြောင်းလေးကို ပြောပြလာပါတယ်နော်..။

Cover Song တွေဆိုခဲ့တဲ့ လွန်ခဲ့တဲ့နှစ်တွေကတည်းက သူမရဲ့သီချင်းလေးတွေကို နားထောင်ပေးကြပြီး ကြိုက်ကြတဲ့ အကြောင်းလေးတွေအပြင် သူမရဲ့ရွေးချယ်မှုမှာလည်း ဘယ်တော့မှ နောင်တမရတဲ့ အကြောင်းလေးတွေကိုလည်း Annie က ပြောပြထားပါတယ်နော်..။

Photo Credit – Annie Alisa’s Fb Account
Photo Credit – Annie Alisa’s Fb Account

“သီချင်းလေးတွေစတင်ကတည်းက နားထောင်ပေးကြတဲ့ အစ်ကို အစ်မတွေက အဆိုပြိုင်ပွဲကို ဝင်ပြိုင်ဖို့အားပေးကြတယ် ဒါပေမယ့် ညီမက စင်ကြောက်တယ် ရှက်တတ်တယ်ဆိုတော့ မပြိုင်ဖြစ်ခဲ့ဘူး ဒီအစီအစဉ်ကျမှပဲ လုပ်ကြည့်မယ်ဆိုပြီး ပြိုင်ဖြစ်တာ Cover Song တွေကို ထပ်လုပ်ဖို့ရှိပြီး ချစ်ကြတယ် အားပေးကြတယ်ဆိုတော့ နောက်ပိုင်းကို သေသေသပ်သပ်နဲ့ တိတိကျကျလေး ပိုပြီးလုပ်ဖြစ်မယ်လို့ ထင်ပါတယ်..” ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်..။

အားပေးကြတယ် အသိအမှတ်ပြုပေးကြတာတွေ များလာတော့ အားပေးကြသူတွေဆီကနေ ပြောပြလို့မရတဲ့ စိတ်ခံစားချက်တစ်ခုရတာမို့ ဘာပဲလုပ်လုပ် အမြဲတက်ကြွနေတဲ့ အကြောင်းလေးတွေကိုလည်း ပြောပြထားတဲ့ Annie ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit – Annie Alisa’s Fb Account
Photo Credit – Annie Alisa’s Fb Account

Photo Credit – Annie Alisa’s Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။