ပရိသတ်ကြီးရေ.. စကားပြောပွင့်လင်းပြီး မဟုတ်မခံတတ်သလို ချစ်စရာစိတ်ထားလေးတွေကြောင့် ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ ဆယ်လီတွေထဲမှာ ဒေါက်တာမြဝတ်ရည်ကလည်း အပါအဝင်ပါပဲ..။

ခွဲစိတ်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာမြဝတ်ရည်ကတော့ သူမကို ရခိုင်မသွားဘူးလားဆိုပြီး ပရိသတ်တွေ စနောက်ကာ ပြောကြတဲ့အပေါ် အကောင်းဆုံး ဖြေရှင်းပြောပြလာပါတယ်နော်..။

Photo Credit - Dr.Mya Wut Yee's Fb Account
Photo Credit - Dr.Mya Wut Yee's Fb Account

Covid လူနာတွေနဲ့ တိုက်ရိုက်ထိတွေ့နေရတဲ့ ဆရာဝန်တွေကို လေးစားသလို ရခိုင်မသွားတဲ့ အပြင်ကဆရာဝန်တွေကလည်း ကိုဗစ်ရဲ့အန္တရာယ်ကို ရင်းပြီး ကုပေးနေတာပါဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်နော်..။

“ရခိုင်မှာ လူနာတွေသွားကြည့်နေရတဲ့ ဆရာဝန်တွေကို လေးစားပါတယ် ချီးလည်းကျူးပါတယ် ရခိုင်ကို မသွားဘဲ အခြားဆေးရုံတွေမှာရှိတဲ့လူတွေကိုလည်း အလကားနေနေတာ မဟုတ်ပါဘူး ပြည်သူလူထုတွေ အကုန်လုံးထဲမှာ Covid တိမ်မြုပ်စွာရှိနေနိုင်တဲ့ လူတွေအကုန်လုံးကို ကျောသားရင်သားမခွဲခြားဘဲနဲ့ ဘာထိရောက်တဲ့ကာကွယ်မှုမှ မပါဘဲနဲ့ ကုပေးနေတာ ခွဲပေးနေတာပါ..” ဆိုပြီး ပြောပြထားတာပါ..။

Photo Credit - Dr.Mya Wut Yee's Fb Account
Photo Credit - Dr.Mya Wut Yee's Fb Account

“ရခိုင်မသွားလည်းပဲ အလုပ်သမားဆေးရုံက လူနာတွေမှန်သမျှကို အခုချိန်အထိ မငြင်းသေးဘဲ တောက်လျှောက်ကုပေးနေတာပါ ကိုဗစ်ဒေသကို သွားတဲ့လူကတော့ ကူးစက်ခံရတဲ့လူတွေနဲ့ ထိတွေ့ရတော့ ပိုပြီးများတယ် ဒါပေမယ့် အစ်မတို့က ကိုဗစ်ဒေသမဟုတ်ပေမယ့်လည်း ပြည်သူလူထုတွေထဲမှာ ဘယ်သူက ရောဂါရှိနေလဲဆိုတာ မသိနိုင်ဘူး လူတိုင်းက ကူးစက်ခံရနိုင်တာကြောင့် အခြားဆရာဝန်တွေအကုန်လုံးကလည်း ကိုဗစ်ရဲ့အန္တရာယ်ကို ရင်းပြီး ကုပေးနေတာဖြစ်တယ်ဆိုတာလေး ပြောချင်ပါတယ်..” ဆိုပြီးတော့လည်း ဒေါက်တာမြဝတ်ရည်က ပြောပြထားပါသေးတယ်နော်..။

ကဲ ပရိသတ်ကြီးရေ.. ဒီကနေ့လေးမှာတော့ ဆရာဝန်တွေအားလုံးကို ဂုဏ်ပြုစကားလေးဆိုရင်း အကြောင်းအရင်းလေးတွေကို ပြောပြထားတဲ့ ဒေါက်တာမြဝတ်ရည်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Dr.Mya Wut Yee's Fb Account
Photo Credit - Dr.Mya Wut Yee's Fb Account

Photo Credit - Dr.Mya Wut Yee's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။