Photo from google

ယခုလက်ရှိဆော့ကစားနေတဲ့ meta မှာတော့ Esmeralda offlane ဟာတော်တော်လေး pick rate တွေတက်လာခဲ့သလို early မှာထောင်သွားရင်လည်း တပွဲလုံးထိန်းမတော့တဲ့ ပွဲတွေနဲ့ ကြုံဖူးကြမယ်ထင်ပါတယ်။

ယခုတစ်ခေါက်မှာတော့ ဘော်ဒါ်တို့အတွက် Esmeralda ကို counter ထောက်လို့ကောင်းတဲ့ heros သုံးကောင်ကို ဖော်ပြပေးလိုပါတယ်။

၄င်း heros သုံးကောင်ကတော့ Thamuz , Valir နဲ့ Gusion တို့ပဲဖြစ်ပြီး ဒီ heros တွေဟာ Esmeralda ကို counter နဲ့နေရာမှာ တော်တော်လေး useful ဖြစ်တဲ့ heros တွေပဲဖြစ်ပါတယ်။

Photo from google

Thamuz

Thamuz ဟာ offlaner တွေထဲမှာမှ strong ဖြစ်ပြီး damge ကောင်းကောင်းပေးနိုင်တဲ့ offlaner hero တစ်ကောင်ပါပဲ ။

Esmeralda ကို counter တဲ့နေရာမှာဆိုရင်လည်း Thamuz ဆီကထွက်တဲ့ damage တွေဟာ pure physical damage တွေဖြစ်တာကြောင့် Esmseralda ရဲ့ shield တွေဟာ Thamuz နဲ့ယှဉ်ချတဲ့နေရာမှာ အလုပ်လုပ်မှာမဟုတ်ပါဘူး ။

ဒါ့ကြောင့် Thamuz အနေနဲ့ Esmeralda ကို အသာလေး အနိုင်ယူလို့ရပါတယ်။

Photo from google

Valir

Valir ကိုတော့ mid sup အနေနဲ့မဆော့ဘဲ Esmeralda ရှိတဲ့ lane ကို ပွဲစထဲကသွားပီး Esmeralda နဲ့ယှဉ်ထိန်းမယ်ဆိုရင် Esma ဟာပွဲစထဲက laning stage မှာနိမ့်နိုင်ပါတယ်။

ဘာကြောင့်လဲဆိုရင် Valir ရဲ့ skills တွေ ဟာ esmer ကို laning stage မှာအဆင်မပြေဖြစ်ပြီး lane ပေါ်တက်မလာနိုင်အောင်ကို နှိမ်ထားလို့ရပါတယ်။

Valir ရဲ့ Brust Fireball ဟာ Esmer ကို early game မှာ တော်တော်အဆင်မပြေဖြစ်စေနိုင်သလို Esmer အနေနဲ့ Valir အနားကို ulti မရှိဘဲနဲ့ ကပ်လာဖို့ဆိုတာ အရမ်း အန္တရာယ်များလွန်းပါတယ်။

အနားရောက်လာတဲ့ အခါမှလည်း Valir ဟာ skill 2 နဲ့ esma ကို ပြန်တွန်းထုတ်ပီး damage ပေးလို့ရတာကြောင့် Valir ဟာ Esma ကို counter ထောက်တဲ့နေရာမှာ တော်တော်လေး အသုံးဝင်ပါတယ်။

Photo from google

Gusion

Gusion ဟာ Esmermalda ကိုဘာကြောင့် counter နိုင်သလဲဆိုရင်တော့ Gusion ဟာ တခနအတွင်းမှာ magic damage အများကြီးကိုထုတ်ပေးနိုင်တဲ့ hero တစ်ကောင်ဖြစ်လို့ပါပဲ ။

Esmer ဟာ health regen ကောင်းတဲ့ hero တစ်ကောင်ဖြစ်ပေမယ့် Gusion နဲ့ယှဉ်ချတဲ့အခါ Gusion ဆီကထွက်တဲ့ highest magic damage တွေဟာ Esmer ရဲ့ health regen တွေအလုပ်မလုပ်ခင်မှာတင် Esmer ကိုသေအောင်သတ်နိုင်ပါတယ်။ 

Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။