ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေများစွာ ဇာတ်ကားပေါင်းများစွာကို ကျရာဇာတ်ရုပ်တွေကနေ အပိုင်နိုင်ဆုံး သရုပ်ဆောင်နိုင်သူကတော့ ဦးကျော်သူပဲ ဖြစ်ပါတယ်နော်..။

ဆယ်စုနှစ်တွေကတည်းက အနုပညာလောကမှာ အောင်မြင်ကျော်ကြားစွာ ရပ်တည်နိုင်ခဲ့တဲ့ ဦးကျော်သူကတော့ ပရဟိတအလုပ်တွေကိုလည်း တစိုက်မတ်မတ်လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်နော်..။

Photo Credit - နာရေးကူညီမှုအသင်း(ရန်ကုန်) Fb Page
Photo Credit - နာရေးကူညီမှုအသင်း(ရန်ကုန်) Fb Page
Photo Credit - နာရေးကူညီမှုအသင်း(ရန်ကုန်) Fb Page

ဦးကျော်သူကတော့ ဇာတ်ကားတွေရိုက်ကူးကာ အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်ဆောင်နေသလို နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌအဖြစ်လည်း ကိုယ်ကျိုးစွန့်ပရဟိတအလုပ်တွေကို လုပ်ဆောင်နေသူပါ..။

ပရဟိတအလုပ်တွေလုပ်ဆောင်နေတာကို အမြဲလိုလိုလုပ်ဆောင်နေတာမို့လည်း ပရိသတ်တွေက လေးစားချစ်ခင်ကြပြီး ချီးကျူးစကားလေးတွေနဲ့ လေးစားစွာ ဂုဏ်ပြုရသူဆိုလည်း မမှားပါဘူးနော်..။

Photo Credit - နာရေးကူညီမှုအသင်း(ရန်ကုန်) Fb Page
Photo Credit - နာရေးကူညီမှုအသင်း(ရန်ကုန်) Fb Page
Photo Credit - နာရေးကူညီမှုအသင်း(ရန်ကုန်) Fb Page
Photo Credit - နာရေးကူညီမှုအသင်း(ရန်ကုန်) Fb Page

ဦးကျော်သူကတော့ အခုလို Covid ကပ်ရောဂါအခြေအနေတွေမှာလည်း ပရဟိတအလုပ်တွေကို အဆက်မပြတ်လုပ်နေပြီး ပြည်သူပရိသတ်တွေအတွက် ဖေးမမှုလေးတွေ တတ်နိုင်သလောက် ပြုလုပ်နေပါတယ်နော်..။

ဒီကနေ့လေးမှာလည်း ဦးကျော်သူတစ်ယောက် အသက်(၁၀၈)နှစ်အရွယ် အဖိုးအိုတစ်ဦးရဲ့ ဈာပနလေးကို ကူးညီဖေးမခဲ့ပြီး ကုသိုလ်ယူခဲ့ပြန်တာကိုလည်း လေးစားစွာ မြင်တွေ့ရတာမို့ ပရိသတ်တွေကိုလည်း တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - နာရေးကူညီမှုအသင်း(ရန်ကုန်) Fb Page
Photo Credit - နာရေးကူညီမှုအသင်း(ရန်ကုန်) Fb Page
Photo Credit - နာရေးကူညီမှုအသင်း(ရန်ကုန်) Fb Page

Source & Photo Credit - နာရေးကူညီမှုအသင်း(ရန်ကုန်) Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။