မင်းသမီးချောလေးဆုအိမ့်စံကတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပြီး ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့တဲ့ သူမကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့ပြီး ကျရာဇာတ်ရုပ်မှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်လျက်ရှိနေသူလေးပဲဖြစ်ပါတယ်။ 

Photo credit- Hsu Eaint San's Facebook Page
Photo credit- Hsu Eaint San's Facebook Page

ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကိုပိုင်ဆိုင်ထားတဲ့ သူမကတော့မြန်မာဆန်ဆန်ဖက်ရှင်လေးတွေကို ဝတ်ဆင်လေ့ရှိပြီး အမိုက်စားဖက်ရှင်လေးတွေကိုလည်း ဝတ်ဆင်လေ့ရှိပါတယ်။ သူမကတော့ ချစ်စရာပုံစံလေးနဲ့ လှပနေတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက် တင်ပေးလေ့ရှိပါတယ်။ ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုကိုရယူထားနိုင်တဲ့ သူမကတော့ ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။

Photo credit- Hsu Eaint San's Facebook Page
Photo credit- Hsu Eaint San's Facebook Page

သူမကတော့ ယခုမှာ သီချင်းတီးလုံးလေးအတိုင်း မျက်နှာအမူအရာလေးမျိုးစုံပြုလုပ်ပြီး ချစ်စရာကောင်းစွာဆော့ကစားထားတဲ့ Tiktokဗီဒီယိုဖိုင်လေးကို ချပြလာခဲ့ပါတယ်။ ချစ်စရာအပြုအမူလေးနဲ့ ဆော့ကစားထားတဲ့ သူမရဲ့ ဗီဒီယိုဖိုင်လေးဟာ ပရိသတ်တွေရဲ့ ရင်ကိုအေးချမ်းသွားစေခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးဆုအိမ့်စံရဲ့ ချစ်စရာကောင်းတဲ့ Tiktokဗီဒီယိုဖိုင်လေးကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ 

Source - Hsu Eaint San's Tiktok Acc

Photo credit- Hsu Eaint San's Facebook Page
Photo credit- Hsu Eaint San's Facebook Page
@hsueaintsan

hsueaintsan tiktok tiktokmyanmar

The Banjo Beat, Pt. 1 - Ricky Desktop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။