Screenshoot of mwrmy instagram

Two times Ti champion ကြီး Topson ကတော့ ကလေးအဖေတစ်ယောက် ဖြစ်လို့လာခဲ့ပါပြီ။

Topson မှာ ပြီးခဲ့တဲ့ လအနည်းငယ်လောက်က သူ့ရဲ့ချစ်သူကောင်မလေးရှိရာ မလေးရှားမှာ သွားရောက်နေထိုင်ရင်းက သူ့ရဲ့ကောင်မလေး Mawar Remy မှာ ကိုယ်ဝန်ရရှိခဲ့တယ်နဲ့ တူပါတယ်။

Mawar ဟာ ဒီကနေ့ မနက်ပိုင်းလောက်ကပဲ သူမရဲ့ instagram အကောင့်မှာ Topson နဲ့ သူမရဲ့ သမီးဦးလေးကို ဖွားမြင်ခဲ့ပြီဆိုတဲ့ post တင်ခဲ့ပါတယ်။

သမီးလေးကိုတော့ မနေ့က 9 လပိုင်း 17 ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး သမီးလေးဟာ weight 2.79 kg ရှိပြီး အရပ်အမြင့်ကတော့ 47 cm ရှိပါတယ်။

ကလေးလေးရဲ့နာမည်ကတော့ Topson ရဲ့ကောင်မလေး တင်ထားတဲ့ post အရ Riina Azalea Taavitsainen ဖြစ်နိုင်ချေရှိပါတယ်။

OG နဲ့အတူ ရှုံးပွဲတွေများစွာကြုံတွေ့နေပေမယ့် ကလေးအဖေဖြစ်သွားတဲ့ Ti champion ကြီး Topson ကို ဒီသတင်းလေးနဲ့ပဲ ဂုဏ်ပြုပေးလိုက်ပါတယ်။

Screenshoot of mwrmy instagram
Screenshoot of mwrmy instagram

Source:Afk gaming and mwrmy instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။