ပရိသတ်ကြီးရေ မင်းသား ကျော်ကျော်ဗိုလ် ကတော့ ဗီဒီယိုခေတ်ကာလကနေ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး ယခုဆိုရင်တော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုရရှိပြီး အကောင်းဆုံး ရပ်တည်ထားနိုင်ခဲ့ပါပြီနော်...။ ကျော်ကျော်ဗိုလ်က ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်ရိုက်ကူးနေရပြီး ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန် ရရှိထာဖြစ်ပါတယ်။ 

Photo credit - Kyaw Kyaw Bo's Facebook Account
Photo credit - Kyaw Kyaw Bo's Facebook Account

ဒါ့အပြင် စိတ်သဘောထားပြည့်ဝပြီး အမြဲပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ သူဖြစ်တာကြောင့် ချစ်ခင်သူတွေပေါများနေတာဖြစ်ပါတယ်။ လတ်ရှိမှာတော့ အနုပညာအလုပ်တွေကို ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလလေးမှာ ခဏတာရပ်နားထားရတဲ့ ကျော်ကျော်ဗိုလ် ကတော့ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို မွေးထားပြီး သာယာပျော်ရွှင်တဲ့ မိသားစုလေးနဲ့ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ 

Photo credit - Kyaw Kyaw Bo's Facebook Account
Photo credit - Kyaw Kyaw Bo's Facebook Account

ဒါ့အပြင် ကျော်ကျော်ဗိုလ် က အားတဲ့အချိန်လေးမှာဆိုရင်လည်း ရယ်စရာ tiktok လေးတွေကို ဆော့ကစားတာကိုတွေ့ရပြီး သူ့ရဲ့ tik tok ဗီဒီယိုလေးတွေကလည်း ပရိသတ်တွေသဘောကျကြိုက်နှစ်သက်တာကိုလည်း တွေ့ရပါတယ်။ ယနေ့မှာတော့ ကျော်ကျော်ဗိုလ်က ရဲလေးလာပို့ပေးတဲ့ ပီဇာကို စားပြနေတာဖြစ်ပြီး အရသာရှိလွန်းလို့ မျက်နှာအမူအရာပြောင်းလဲသွားတဲ့ သူရဲ့ ဟာသဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..... ။ 

Photo credit - Kyaw Kyaw Bo's Facebook Account

Photo credit - Kyaw Kyaw Bo's Facebook Account 

Source - Kyaw Kyaw Bo's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။