အဆိုတော်နိုင်းဝမ်းကတော့ လူငယ်ပရိသတ်တွေ အရမ်းကြိုက်နှစ်သက်ရတဲ့ တေးသံရှင်တစ်ယောက်ဖြစ်ပါတယ်။လက်ရှိမှာလည်း သီချင်းအသစ်တွေကို ဆက်လက်ဖန်တီးနေတဲ့ နိုင်းဝမ်းက လောလောဆယ်မှာတော့ အိမ်မှာပဲ နားနားနေနေ နေထိုင်နေတာဖြစ်ပါတယ်။လွန်ခဲ့တဲ့(၅)နှစ်ကျော်က ရောဂါဟောင်းကလည်း ပြန်ဖြစ်လာတာကြောင့် ဒီနေ့လေးမှာတော့ ချစ်သူလေးနဲ့အတူ ဆေးရုံကိုသွားပြခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Kyaw Zin Latt's Facebook Account
Photo Credit:Kyaw Zin Latt's Facebook Account
Photo Credit:Kyaw Zin Latt's Facebook Account

နိုင်းဝမ်းက ချစ်သူလေးနဲ့အတူ ဆေးရုံသွားပြပြီး "ကိုဗစ်ကာလဘယ်မှမထွက်ချင်သော်လဲ လွန်ခဲ့တဲ့၅နှစ်ကျော်က ရောဂါဟောင်း ဇက်အရိုးတွေကြားမှာအာရုံကြောတွေညှပ်ပြီး ဂုတ်ကကြွက်သားတွေပြန်ယောင်နေလို့ ဘယ်လိုမှနေလို့မရတာနဲ့ ဆေးရုံပြန်ပြနေရပြန်တယ် ငယ်ငယ်က ကိုယ့်ဟာကိုယ်မညှာတမ်းခိုင်းခဲ့သမျှ၊ မြန်မာတစ်ပြည်လုံးကစတိတ်ရှိုးတွေ ဒရိုင်ဘာတောင်မခေါ်ဘဲ တစ်ယောက်ထဲ နေ့မအိပ်ညမအိပ်ကားမောင်းဒိုးခဲ့သမျှ၊ ညမအိပ်တမ်းကွန်ပြူတာရှေ့သီချင်းထိုင်ရေးခဲ့သမျှဒဏ်တွေ အကြီးအကျယ်ပြန်ခံနေရတယ် တခါတခါပြန်ကိုက်လာပြီဆို ခေါင်းတွေတဆစ်ဆစ်နာပြီး ညတောင်ဘယ်လိုမှအိပ်လို့မရဘူး"

Photo Credit:Kyaw Zin Latt's Facebook Account
Photo Credit:Kyaw Zin Latt's Facebook Account

"ခုတော့ ဆရာဝန်က ကားမမောင်းနဲ့၊ အလေးအပင်မမနဲ့၊ Gym မကစားနဲ့၊ လည်ပင်းဒေါက်အချိန်ပြည့်ထောက်ထား၊ ဆေးပုံမှန်သောက်၊ လည်ပင်းခဲဆွဲရမယ်၊ ရေဒီယိုအသံလှိုင်းစက်နဲ့ကြွက်သားတွေပြန်ကုရမယ်၊ ရေနွေးခေါင်းအုံးနဲ့အိပ်ရမယ်၊ အပင်ပန်းမခံဘဲ တတ်နိုင်သလောက်အိပ်ယာပေါ်မှာပဲလှဲနေရမယ်တဲ့ တနင်္ဂနွေနေ့ကစပြီး ဆေးရုံပုံမှန်သွားပြပြီး ဆေးပြန်ကုရပေဦးမယ်ဘန်ကောက်မှာလဲသွားကုပြီးပြီ မပျောက်ဘူး၊ အခုချိန်ထပ်သွားကုဖို့လဲမဖြစ်နိုင်..(အရက်မသောက်တော့တဲ့အချိန်မှာ ကိုက်ခဲတဲ့ဒဏ်ကိုမခံနိုင်တော့လို့ ညအိပ်မရတဲ့ဒုက္ခကအဆိုးဆုံးပဲ)"ဆိုပြီး ရေးသားမျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Kyaw Zin Latt's Facebook Account
Photo Credit:Kyaw Zin Latt's Facebook Account
Photo Credit:Kyaw Zin Latt's Facebook Account

Source&Photo Credit:Kyaw Zin Latt's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။