ပရိသတ်ကြီးရေ လူငယ်လေးတွေပဲ ဖွဲ့စည်းထားတဲ့ Project K အကအဖွဲ့ကတော့ အောင်မြင်မှုတွေကို အချိန်အတိုတွင်း ရရှိခဲ့တဲ့ အကဖွဲ့ တစ်ဖွဲ့ပဲဖြစ်ပါတယ်။ သူတို့ အဖွဲ့ကတော့ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး အကပြိုင်ပွဲကြီးတစ်ခုမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတွေရရှိခဲ့တာဖြစ်ပါတယ်။ မကြာခဏဆိုသလို Project K အဖွဲ့ သားတွေကတော့ ချစ်တဲ့ ပရိသတ်တွေအတွက် အနုပညာလှုပ်ရှားမှုတွေနဲ့ ချစ်စရာပုံလေးတွေကို ဖော်ပြပေးပါတယ်။

Photo Credit - ProjectK Fb Page

ဒါ့အပြင် Project K အဖွဲ့က ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Asia Song Festival 2020 မှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဖျော်ဖြေပေးရမှာဖြစ်တာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းလောက်က မြန်မာနိုင်ငံကနေ ထွက်ခွာသွားခဲ့ပြီလည်းဖြစ်ပါတယ်။ ယခုမှာတော့ ProjectK အဖွဲ့က ပရိသတ်တွေအတွက် ကြည်နူးစရာ ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေကတော့ ကိုရီးယားနိုင်ငံကိုရောက်နေစဥ်အတွင်း မြန်မာသံအမတ်ကြီးနဲ့အတူ နေ့လည်စာ စားခဲ့ရတဲ့ ပုံလေးတွေပဲဖြစ်ပါတယ်။

Photo Credit - ProjectK Fb Page
Photo Credit - ProjectK Fb Page

ဒါ့အပြင် ဒီပုံလေးတွေနဲ့လည်း Project K အဖွဲ့က "ကျွန်တော်တို့ Project K အဖွဲ့ ကိုရီးယားကိုရောက်နေစဉ်အတွင်း လေယာဉ်ကွင်းမှာ လိုအပ်သည်များကို လာရောက်ကူညီပေးသည့်အပြင် သံအမတ်ကြီး ကိုယ်တိုင် နေ့လည်စာ တည်ခင်းဧည့်ခံကျွေးမွေးသည့်အတွက် ကျွန်တော်တို့ Project K အဖွဲ့မှ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်အပ်ပါတယ်ဗျာ.....ကိုရီးယားသွားခါနီးမှ မြန်မာ ပုဆိုးနဲ့တိုက်ပုံလိုအပ်တဲ့အတွက် အမြန်ဆုံးစီစဉ်ပေးပါသော Thidagu မှ Ma Nandar ကိုလဲ ကျေးဇူးအထူးတင်ပါတယ်ဗျ " ဆိုပြီး ရေးသားဖော်ပြပေးထားပါတယ်။

Photo Credit - ProjectK Fb Page
Photo Credit - ProjectK Fb Page

Photo Credit - ProjectK Fb Page

Source - ProjectK Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။