အပြစ်ကင်းစင်ပြီး ဖြူစင်လွန်းတဲ့ စိတ်ထားလေးကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းကြုံးရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ခေးဆက်သွင်ပဲ ဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားခေတ်မှစပြီး ယနေ့ချိန်ထိ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ခေးဆက်သွင်ရဲ့ ဖြူဖွေးကြည်လင်တဲ့ အသားအရေလေးကိုလည်း မိန်းကလေးပရိသတ်တော်တော်များများက အားကျနေကြတာလည်း ဖြစ်ပါတယ်။

Photo Crd- Khay Sett Thwin’s Facebook Account
Photo Crd- Khay Sett Thwin’s Facebook Account
Photo Crd- Khay Sett Thwin’s Facebook Account

သူမပါဝင်သရုပ်ဆောင်တဲ့ ရုပ်သံဇာတ်လမ်းများဟာလည်း ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေကို ရရှိထားတာလည်း ဖြစ်ပါတယ်။ ခေးဆက်သွင်ရဲ့ ပီပြင်ပိုင်နိုင်တဲ့ Acting တွေကို ဝါရင့်သရုပ်ဆောင်တွေကပါ ချီးကျုးနေကြရတာပါ။ သူမရဲ့ လှုပ်ရှားမှုတွေကိုလည်း ဝေမျှပေးလေ့ ရှိရာ မနေ့ညကလည်း ခေးဆက်သွင်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေး တစ်ခုတင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Khay Sett Thwin’s Facebook Account
Photo Crd- Khay Sett Thwin’s Facebook Account
Photo Crd- Khay Sett Thwin’s Facebook Account

ဒါကတော့ ဟင်းချက်နေရင်း သူငယ်ချင်းတွေနဲ့အတူအမိုက်အစားကကွက်တွေနဲ့ အပီအပြင်ဒွန့်နေတဲ့ ခေးဆက်သွင်ရဲ့ Video လေးပဲ ဖြစ်ပါတယ်။ သူမကလည်း " သူငယ်ချင်းတွေ စုပြီး မုန့်လုပ်စားရင်

ခေးတို့လိုပဲ ပေါက်ကရတွေ ခွီတယ်

မှတ်လား???

မညာရဘူးနော်

အိမ်မှာနေရင်း အပျော်လေးပဲမို့ အမှားပါရင်

ခွင့်လွှတ်ပါရှင့် " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Khay Sett Thwin’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။