မင်းသမီးချောလေး ပက်ထရစ်ရှာကတော့ အပြစ်ပြောစရာမရှိအောင်ကို ချောမောလှပတဲ့မျက်နှာလေးနဲ့ နိုင်ငံခြားသူလေးလို့တောင် ထင်မှတ်ရတာ ဖြစ်ပါတယ် ။ ပက်ထရစ်ရှာက ဘိုဆန်တဲ့အလှတရားတွေကို ပိုင်ဆိုင်ထားပြီး အသားအရေလေးကလည်း ဖြူဖွေးဝင်းဥနေတာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း ပက်ထရစ်ရှာက ယောက်ျားလေးပရိသတ်တွေရဲ့နှုတ်ဖျားမှာ အရမ်းကိုရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ် ။

Photo Credit- Patricia (Sue Sha Naing)'s FB Page
Photo Credit- Patricia (Sue Sha Naing)'s FB Page
Photo Credit- Patricia (Sue Sha Naing)'s FB Page

ပက်ထရစ်ရှာက ခပ်မိုက်မိုက်စတိုင်လ်လေးနဲ့ လူငယ်ဆန်ဆန် လွတ်လပ်ပေါ့ပါးစွာ နေထိုင်လေ့ရှိတာ ဖြစ်ပါတယ် ။ အထူးသဖြင့် အမိုက်စားဖက်ရှင်လေးတွေကို ဝတ်ဆင်လေ့ရှိတဲ့ ပက်ထရစ်ရှာက အမြဲတမ်းအထာကျနေတာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် ပက်ထရစ်ရှာက Tik Tok ကစားရတာကို ဝါသနာပါသူလေးဖြစ်ပြီး အခုလည်း မောင်လေးနဲ့အတူ ဗီဒီယိုလေးတစ်ခုကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။

Photo Credit- Nyi Minn Zan
Photo Credit- Patricia (Sue Sha Naing)'s FB Page
Photo Credit-Patricia Sue Sha Naing's Tik Tok Acc

ပက်ထရစ်ရှာက "Trying to get my brother’s attention like...ကျွန်မရဲ့တစ်ဦးတည်းသောချေနိုင်စိန် မောင်လေးနဲ့ပေါ့ရှင်" ဆိုပြီး Tik Tok ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ် ။ ဒီဗီဒီယိုလေးမှာ ပက်ထရစ်ရှာက ဖုန်းပဲသုံးနေတဲ့ မောင်လေးရဲ့ဘေးကနေ သူမကိုကြည့်လာအောင် ကြိုးစားပမ်းစားနဲ့ အပီအပြင်လိုက်ကပြနေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ပက်ထရစ်ရှာတို့မောင်နှမရဲ့Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Patricia Sue Sha Naing's Tik Tok Acc

Photo Credit-Patricia Sue Sha Naing's Tik Tok Acc
@patriciasueshanaing

Reply to @hlachawkalayarmon Tried this challenge with my younger brother Trying to get my brother’s attention like... ##itreallyhurts

It Really Hurts (Contains music from: Kabet - Gagong Rapper) - mimiyuuuh

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။