Photo credit - Navi.gg

Natus Vincere ကတော့ လတ်တလောရရှိနေတဲ့ ဆိုးဆိုးရွားရွား ရလာဒ်တွေကြောင့် dota 2 team ရဲ့ roster ကို ထပ်မံပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီဆုံးဖြတ်ရဲ့နောက်မှာတော့ အသင်းက players တွေဖြစ်ကြတဲ့ Crystallize, young G, 9pasha နဲ့ coach ဖြစ်သူ Mag တို့ဟာ အသင်းရဲ့ active roster ကနေ ထွက်ခွာသွားခဲ့ပါတယ်။

ဒါ့ကြောင့် Navi ရဲ့ လက်ရှိ roster ထဲမှာ players နှစ်ယောက်သာ ကျန်ရှိတော့သလို ၄င်း players တွေကတော့

Po 4- immersion

Po 5- illias

တို့ပဲဖြစ်ပါတယ်။

Navi အနေနဲ့ ယခုနှစ် 2020 ခုနှစ်အတွင်းမှာ roster ပြောင်းလဲမှုတွေ တော်တော်များများ ပြုလုပ်ခဲ့ပေမယ့်လည်း အသင်းရဲ့ performance တွေက သိသိသာသာတိုးတက်ကောင်းမွန်လာခဲ့တာမျိုး မတွေ့ရသေးပါဘူး။

လက်ရှိမှာလည်း အသင်းရဲ့ အဓိက players သုံးယောက်ရဲ့ coach ကိုလည်း active roster ကထွက်ခွာစေခဲ့ပြီဆိုတော့ Navi အနေနဲ့ ဘယ်သူတွေကို ပြန်လည်ခေါ်ယူသွားမလဲဆိုတာ စောင့်ကြည့်သွားရမှာပါပဲ။

Source - Natus Vincere twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။