ပရိသတ်ကြီးရေ အဆိုတော်စန္ဒီမြင့်လွင်ဟာဆိုရင် ပျော်ရွှင်အေးချမ်းတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်နော်။စန္ဒီမြင့်လွင်က သမီးလေးတစ်ယောက်ကို မွေးဖွားပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်လေးတွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပါတယ်။‌မေမေစန္ဒီမြင့်လွင်က သမီးလေးTreasureနဲ့လည်း ကြော်ငြာတွေအတူတူရိုက်ကူးထားတာဖြစ်ပါတယ်နော်။

Photo Credit:Sandy Myint Lwin's Facebook page
Photo Credit:Sandy Myint Lwin's Facebook page

Treasureလေးကလည်း တစ်နေ့ထက်တစ်နေ့ပိုပိုပြီး ချစ်ဖို့ကောင်းလာတာကြောင့် ပရိသတ်တွေကလည်း ချစ်မဝဖြစ်နေရတာနော်။Treasureလေးက မေမေဒီးဒီနဲ့လည်းချွတ်စွပ်တူပြီး လူချစ်လူခင်ပေါများတဲ့ကလေးလေးပါနော်။ဒီးဒီနဲ့ကိုသီဟလွင်တို့ဇနီးမောင်နှံနှစ်ယောက်ကတော့ အရမ်းချစ်စရာကောင်းတဲ့သမီးချောလေးကြောင့် အမြဲပျော်ရွှင်နေရတာဖြစ်ပါတယ်။

Photo Credit:Sandy Myint Lwin's Facebook page
Photo Credit:Sandy Myint Lwin's Facebook page

စန္ဒီမြင့်လွင်ကလည်း သမီးလေးနားမှာ အနီးကပ်နေပေးပြီး ပြုစုစောင့်ရှောက်ပေးသလို ကိုသီဟလွင်ကလည်း အားတဲ့အချိန်တိုင်းမှာ Treasureလေးနဲ့ ဆော့ကစားပေးတာဖြစ်ပါတယ်။အခုဆိုရင်လည်း စန္ဒီမြင့်လွင်နဲ့Treasureလေးတို့သားအမိနှစ်ယောက်ကတော့ မုန့်လုစားကြပြီး အသံအကျယ်ကြီးနဲ့အပြိုင်ငိုနေကြလို့ အရမ်းချစ်စရာကောင်းနေတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Sandy Myint Lwin's Facebook page
Photo Credit:Sandy Myint Lwin's Facebook page

Photo Credit:Sandy Myint Lwin's Facebook page

Source& Video Credit:Sandy Myint Lwin's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။